အင်တာနက်ဖြတ်တောက်ခံရပြီး တစ်ပတ်အကြာတွင် ကုန်စျေးနှုန်း မြင့်တက်လာမှုနဲ့ ကြုံတွေ့လာရတဲ့ ဖားကန့်မြို့

အင်တာနက်ဖြတ်တောက်ခံရပြီး တစ်ပတ်အကြာတွင် ကုန်စျေးနှုန်း မြင့်တက်လာမှုနဲ့ ကြုံတွေ့လာရတဲ့ ဖားကန့်မြို့

ဖားကန့်မြို့နယ်တွင် အင်တာနက်လိုင်းများအားလုံးဖြတ်တောက်ခံထားရပြီး တစ်ပတ်အကြာတွင် ကုန်စျေးနှုန်း မြင့်တက်လာခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။



“ဘာမှကိုအလုပ်မဖြစ်တာ ချောင်ရိုက်ထားသလိုဖြစ်နေတာ၊ အခုက ကုန်စျေးနှုန်းတွေလည်း ပြန်တက်ပြန်ပြီ။ လိုင်းတွေဖြတ်ပြီးတော့မှ ဖြစ်သွားတာ။ ပစ္စည်းတွေက အဝင်မရှိတော့ဘူးကွာ၊ ပစ္စည်းတွေက ၆၅၀၀ တန်က ၈၅၀၀ ဖြစ်သွားတယ်” ဟု ဒေသခံ တစ်ဦးကဆိုသည်။



ဖားကန့်မြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ စျေးနှုန်းမြင့်တက်နေသည့်အပြင် ကျောက်တူးဖော်သူများ အသုံးပြုသည့် ပွိုင့်ဖိနပ်များပင် စျေးနှုန်းသုံးဆနီးပါး မြင့်တက်လျှက်ရှိနေသည်။  



“ငါတို့စီးတဲ့ ပွိုင့်ဖိနပ်တွေတောင် စီးချင်တဲ့ဆိုဒ်စီးလို့မရဘူး။ စီးချင်တဲ့ဆိုင်ရချင်ရင်လည်း စျေးက အရင်လိုမဟုတ်တော့ဘူး ၆၅၀၀ ဖြစ်သွားပြီ၊ ဒီမှာက ပွိုင့်ဖိနပ်မပါရင် မရဘူးလေ ငါတိုကျောက်ရှာတဲ့သူတွေက” ဟု ရေမဆေးတစ်ဦးကဆိုသည်။



အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ပုဂ္ဂလိကဘဏ်များ၊ ငွေလွဲဝန်ဆောင်မှုလုပ်ငန်းများအားလုံး ရပ်ဆိုင်းထားခဲ့ရသည်။



မှတ်ပုံတင်ဖြင့် ကုန်စုံဆိုင်များတွင် ငွေလွဲသည့်လုပ်ငန်းများဖြင့် ငွေလွဲနေရကြောင်း သိရသည်။



အင်တာနက် ဖြတ်တောက်ခံရပြီးနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း သတင်းအချက်အလက် ဖလှယ်မှုများလည်း နှေးကွေးသွားသည့်အပြင် တိုက်ပွဲများဖြစ်လာမည်ကိုလည်း ဒေသခံအများစုက စိုးရိမ်နေကြသည်။



Caption: ဖားကန့်မြို့တွင်းတစ်နေရာကို တွေ့ရစဉ်

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...