တောင်ဒဂုံ ၇၀/၇၁ ဈေး ယနေ့ မနက်ပိုင်းက မီးလောင်

တောင်ဒဂုံ ၇၀/၇၁ ဈေး ယနေ့ မနက်ပိုင်းက မီးလောင်

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ဗဟိုစည်ဈေး (၇၀/၇၁ ဈေး) ယနေ့ (ဩဂုတ် ၃၁ ရက်) နံနက် ၆ နာရီခန့်က မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်မှုမှာ နံနက် ၆ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့ပြီး ၆ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့သည်ဟု မျက်မြင်တွေ့သူ ဒေသခံက မဇ္ဈိမကိုပြောသည်။

"ဈေးကအခုမှအသစ်ဆောက်ထားတဲ့ ဈေးအသစ်ကြီး။ ထောင့်ကွက်ကြီးကနေ စလောင်တာ။ ဆေးဆိုင်ကနေ စလောင်တယ်လို့သိရတယ်ခင်ဗျ။ ဆေးဆိုင်နဲ့ကပ်လျက် အထည်ဆိုင်ကတော့ ကုန်ပြီခင်ဗျ။ အခု အဲ့ဒီ့အတန်းက ဆေးဆိုင်တို့၊ အထည်ဆိုင်တို့အကုန်ပိတ်ထားရတယ်။ ပျံကျဆေးသည်တွေကတော့ ဆက်ဖွင့်ကြတာပေါ့" ဟု သတင်းအရင်းမြစ်က ပြောသည်။

မီးလောင်မှုမှာ ဝါယာရှော့ကြောင့်ဟု ကနဦးသိရပြီး မီးသတ်ကား လေးစီး၊ လူနာတင်ယာဥ◌် နှစ်စီးရောက်ရှိခဲ့သလို စစ်သားများလည်း ကား သုံးစီးဖြင့်ရောက်လာပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ လူထိခိုက်မှုမရှိကြောင်းလည်း သိရှိရသည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...