အခြေခံပညာကျောင်းများ ပြန်ဖွင့်ပါက ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်ဖွင့်နိုင်ခြေများကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးပြော

အခြေခံပညာကျောင်းများ ပြန်ဖွင့်ပါက ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်ဖွင့်နိုင်ခြေများကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးပြော

ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ခြေများကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက DMG သို့ပြောသည်။

“ကျောင်းတွေစဖွင့်ခဲ့တုန်းကလည်း ကိုဗစ်စည်းကမ်းတွေနဲ့ဘဲ အညီဖွင့်ခဲ့တယ်။ နောက်ပိုင်းရောဂါကူးစက်မှုနှုန်းတွေများလာလို့ ကျောင်းတွေပိတ်ခဲ့ရတယ်။ ဒီတော့ပြန်ဖွင့်ခဲ့ရင် အခန်းတစ်ခန်းမှာပြွတ်သိပ်ပြီးတော့ ထားမှာမဟုတ်ဘူး။ အရင်လိုပဲ ခြောက်ပေခြားနဲ့ ပြန်ဖွင့်သွားဖို့ ဖြစ်နိုင်ခြေများတယ်” ဟု ဦးတင်သိန်းကဆိုသည်။

ကိုဗစ်ကူးစက်ပြန့်ပွားမှုများကြောင့် အခြေခံပညာကျောင်းများကို ၂၀၂၁ ခုနှစ် ဇူလိုင် ၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဆက်လက်ပိတ်ထားအုံးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သြဂုတ်လ ၃၀ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိမှာ အခြေခံပညာကျောင်းများကို ပိတ်ထားသော်လည်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက လိုအပ်သည့် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်ထားရန် ပြည်နယ်ကောင်စီမှ သြဂုတ်လ ၂၀ ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကျောင်းများပြန်ဖွင့်ပါက ကျောင်းသားများကျန်းမာရေးအတွက် စိုးရိမ်မှုရှိသော်လည်း ပညာရေးလိုအပ်ချက်အတွက် ကျောင်းတက်ခိုင်းမည်ဟု စစ်တွေမြို့မှ အမည်မဖော်ပြလိုသည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကလေးတွေကို ကိုဗစ်ကာလထဲမှာ ကျောင်းတက်ခိုင်းရမယ့်အပေါ်တော့ အများကြီးစိတ်ပူမိတယ်။ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ် နောက်ကျလာမယ့်ပညာရေးနဲ့ ဖြစ်လာမယ့်အရွယ်တွေကို ကြည့်ပြီးတော့ ကျွန်တော့ရင်သွေးရဲ့ပညာရေး နောက်မကျဖို့အတွက် ကျောင်းထားရမှာပါပဲ“ ဟု ၄င်းကပြောသည်။

သြဂုတ်လ ၃၀ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၄၁၀၈ ဦးအထိရှိပြီး သေဆုံးသူ ၃၉၃ ဦးရှိကာ လက်ရှိ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူ ၃၀၆ ဦးရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...