NLD ရပ်ကျေးဥက္ကဌနေအိမ်မှ ရွှေနှင့်ငွေ အပါအဝင်တန်ဖိုး ကျပ်သိန်း ၁၅၀ ကျော် စစ်ကောင်စီသိမ်းယူ

NLD ရပ်ကျေးဥက္ကဌနေအိမ်မှ ရွှေနှင့်ငွေ အပါအဝင်တန်ဖိုး ကျပ်သိန်း ၁၅၀ ကျော် စစ်ကောင်စီသိမ်းယူ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊  သံလျှက်မှော်အနောက်ရပ်ကွက်ရှိ NLD ဥက္ကဌ ဦးကျော်ဦးကို စစ်ကောင်စီက လာ‌ရောက်ဖမ်းဆီးရာ မတွေ့၍ ၎င်းအိမ်မှ ရွှေ၊ ငွေနှင့် ပစ္စည်းများ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၅၀ ကျော်ကို စစ်ကောင်စီက ယူဆောင်သွားခဲ့သည်။

ဩဂုတ် ၂၈ ရက် ည ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များက လာရောက်လုယူခဲ့ခြင်းဖြစ်ပြီး ဦးကျော်ဦး၏ မိသားစုဝင်များကို နှိပ်စက်ခဲ့ကြောင်း ဦးကျော်ဦး၏ဇနီးက မဇ္ဈိမကိုပြောသည်။

"သူတို့က ခြံကျော်ဝင်လာပြီး ကျွန်မတို့အားလုံးကို မှောက်ခိုင်းပြီး တအားနှိက်စက်တော့တာပဲ။ သားကိုလည်း လက်ပြန်ကြိုးတုပ်ရိုက်တယ်။ ကျွန်မ အလွယ်ထားတဲ့ပစ္စည်းတွေရော၊ ပုံးလေးတွေနဲ့ထည့်ထားတဲ့ပစ္စည်းတွေရော မွှေနှောက်ယူသွားတယ်။ သိန်း ၁၅၀ ကျော်တယ်" ဟု ဦးကျော်ဦး၏ဇနီးက ပြောသည်။

လက်ရှိတွင် စစ်သားများ ထပ်မံလာရောက်မည်ကို စိုးရိမ်ရသည့်အတွက် မိသားစုလိုက် ရှောင်းတိမ်းနေထိုင်နေရသည်။

"လုံခြုံရေးစိုးရိမ်ရတဲ့အတွက် တစ်ခြားမှာ သွားနေရတယ်။ ကျန်မာရေး မကောင်းတဲ့ အဖေနဲ့အမေကိုလည်း တစ်ခြားပြောင်းပေးထားရတယ်။အိမ်မှာတော့ မနေရဲတော့ဘူး" ဟု ဦးကျော်ဦး၏ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဩဂုတ် ၂၉ ရက်၊ ညပိုင်းကလည်း စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များက သံလျှက်မှော်အနောက်ရပ်ကွက်အတွင်းရှိ နေအိမ်တချို့ကို ဝင်‌ရောက် ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...