နမ့်စန်-ခိုလမ်လမ်းပေါ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ထပ်မံဖွင့်လှစ်

နမ့်စန်-ခိုလမ်လမ်းပေါ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ထပ်မံဖွင့်လှစ်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်-ခိုလမ်ကြား လမ်းမပေါ် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေးဂိတ်အသစ်တစ်ခု ထပ်မံဖွင့်လှစ်လိုက်ကြောင်း သတင်းသိရသည်။

စစ်ကောင်စီတို့ အသစ်ထပ်မံဖွင့်လှစ်လိုက်သည့် စစ်ဆေးရေးဂိတ်သည် နမ့်စန်-ခိုလမ် ဆက်သွယ်ထားသည့် ကားလမ်းမကြီး အကြားတွင်တည်ရှိနေပြီး လမ်းသွားလမ်းလာ ပြည်သူခရီးသွားများတို့၏ ယာဉ်များကို ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ကြောင်းလည်း ကြုံတွေ့ရသည့် နမ့်စန်ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က ဒီနေရာမှာ စစ်ဆေးရေးဂိတ်ဆိုတာ မရှိပါဘူး၊ ဒီကာလအတွင်းမှာပဲ လာပြီးဖွင့်လှစ်လိုက်တာ၊ ရက်တော့ အသေအချာမသိဘူး၊ ဒီနယ်ဖက်မှာ လှုပ်ရှားတဲ့ PDF သတင်းတွေထွက်လာပြီးတဲ့နောက် လာဖွင့်လိုက်တာပဲ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ အသစ်ဖွင့်လှစ်လိုက်သည့် စစ်ကောင်စီတို့ စစ်ဆေးရေးဂိတ်တွင် မလိုအပ်သည့် အချက်များကိုပါ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းသည့်အတွက် လိုရာခရီးမရောက်ဘဲ ခရီးကြန့်ကြာမှုများနှင့် စိတ်အနှာင့်အယှက်များလည်းရှိနေကြောင်း သိရသည်။

“ဂိတ်မလို့ အနည်းအကျည်း မေးမြန်းတာတော့ နားလည်ပေးနိုင်ပါတယ်၊ ဒါပေမယ့် တခါတလေကျတော့ မေးမြန်းတာ များလွန်းတယ်၊ မလိုအပ်တာတွေလည်းမေးတော့ လိုရာခရီးကိုသွားဖို့ ကြန့်ကြာသွားတယ်၊ တချို့မေးခွန်းတွေက မသင်္ကာသလိုနဲ့ စိတ်အနှောင့်အယှက်ပေးမိတာ အမှန်ပဲ” ဟုလည်း ၎င်းကပြောသည်။

နမ့်စန်–ခိုလမ်ကြား ကားလမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတပ်သားတို့ ဖွင့်လှစ်လိုက်သည့် ဂိတ်များအနေဖြင့် လက်ရှိ အသစ်ဖွင့်လိုက်သည့် ဂိတ်သစ်အပါအဝင် စုစုပေါင်း ၃ ခုရှိနေပြီး ခိုလမ်မှ နမ့်ဟူးကျေးရွာသို့သာ တစ်လမ်းတည်းပေါက်သည့် လမ်းခွဲမှာလည်း စစ်ဆေးရေးဂိတ်ဖွင့်လိုက်ပြီး ခရီးသားပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...