တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာတွင် စစ်ကောင်စီတပ်များ ၀င်ရောက်မီးရှို့ဖျက်ဆီး

တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာတွင် စစ်ကောင်စီတပ်များ ၀င်ရောက်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် ယနေ့ (ဩဂုတ် ၂၆ ရက်) ညပိုင်းက စစ်ကောင်စီတပ်များ ရွာအတွင်း ဝင်ရောက်မီးရှို့ ဖျက်ဆီးသောင်းကျန်း‌နေကြောင်း ဒေသခံတစ်ဦးက မဇ္စျိမကို သတင်းပို့လာသည်။

“ဒလန်ကခေါ်လို့ စစ်တပ်က အဲဒီရွာကို တပ်လာစွဲတာ၊ အခုလည်း မိုးတွေရွာနေတဲ့ ကြားထဲက ကာပေါင်းကျရွာကို မီးရှို့ဖျက်ဆီးနေတယ်။ လက်နက်ကြီးတွေနဲ့လည်း အနီးအနားကရွာတွေကို ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ ကားပေါင်းကျရွာကို စီးနင်းသည်မှာ ယခုအကြိမ်သည် ခုနှစ်ကြိမ်မြောက်ဖြစ်ပြီး ယခင် စီးနင်းဝင်ရောက်ချိန်များက ရွာရှိနေအိမ်များကို ဖျက်ဆီးပြီး အစားအသောက်၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခဲ့သည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...