မြန်မာ-တရုတ် နယ်စပ် တရုတ်ပြည် ဂျယ်ဂေါင်ကို Lockdown ထပ်မံချ

မြန်မာ-တရုတ် နယ်စပ် တရုတ်ပြည် ဂျယ်ဂေါင်ကို Lockdown ထပ်မံချ

မြန်မာ–တရုတ် နယ်စပ် တရုတ်ပြည် ကျယ်ဂေါင်မြို့တွင်နေထိုင်သည့် ပြည်သူများကို တရုတ်အစိုးရက တစ်မြို့လုံး (Quarantine) ဝင်ခိုင်းမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ကျယ်ဂေါင်ရှိ ပြည်သူများအားလုံး ရွှေလီနှင့် မံစံ (မိုင်းခွမ်) မှာ facilities Quarantine (၁၄) ရက် မှ (၂၁) ရက်နေ့ထိ ဝင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ကျယ်ဂေါင်က ပြည်သူတွေအားလုံး အခု ရွှေလီကို သွားနေကြပြီ။ ကျယ်ဂေါင်မှာ တရုတ် နယ်ခြားစောင့်တပ်နဲ့ အစိုးရဝန်ထမ်းတွေ၊ အိမ်စောင့်တဲ့သူတွေပဲ ကျန်တော့တယ်။ မြို့ထဲမှာ ဘယ်သူမှ မရှိတော့ဘူး” ဟု ကျယ်ဂေါင်မြို့ တွင်နေထိုင်သည့် ဒေသခံ သျှမ်းအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်အစိုးရမှ နေရာထိုင်ခင်းများကို စီစဉ်ပေးပြီး ငွေကြေးတတ်နိုင်သည့်သူများသည် တရက်လျှင် တရုတ်ယွမ် (၂၀၀) ပေးပြီး ဟိုတယ် (Quarantine) ပုံစံဖြင့် သွားရောက်နေထိုင်ကြရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ကျယ်ဂေါင်ကနေသွားရင် PPE ဝတ်စုံဝတ်ပြီး မှန်လုံကားစီးသွားရတယ်။ တစ်ချို့က ရွှေလီမှာ ကွာလတင်းဝင်ရတယ်။ တစ်ချို့က မံစီ (မန်းခွမ်) မှာ ဝင်ရတယ်။ တရုတ်မှာနေ့တိုင်း ကိုဗစ်စစ်နေတယ်” ဟု ကျယ်ဂေါင်ဒေသခံတစ်ဦးက ပြောသည်။

တရုတ်ပြည်ထဲမှာ အလုပ်သွားလုပ်သည့် မြန်မာနိုင်ငံသားများသည်လည်း ဇူလိုင် (၂၆) ရက်မှ စတင်ပြီး သြဂုတ် (၂၁) ရက်နေ့ထိ စုစုပေါင်း (၅၃၃၅) ဦး ပြန်ဝင်လာပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ ထပ်မံဝင်ရောက်လာမည့် ပြည်သူများသည် ရွှေလီမြို့ရှိ ပန်းခြံမှာ နေ့ရော ညပါ စောင့်ဆိုင်းနေသည်ကို သိရှိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...