ကြံ့ခိုင်ရေးပါတီဝင်များက နေအိမ်တစ်လုံးကို အကြောင်းမဲ့ ဝင်ရောက်ဖျက်ဆီး

ကြံ့ခိုင်ရေးပါတီဝင်များက နေအိမ်တစ်လုံးကို အကြောင်းမဲ့ ဝင်ရောက်ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် တနယ်ကျေးရွာရှိ နေအိမ်တစ်လုံးကို တစ်ရွာတည်းနေ ကြံ့ခိုင်ရေးပါတီဝင်များက ဩဂုတ် ၂၅ ရက် ည ၁၀ နာရီဝန်းကျင်တွင် အကြောင်းမဲ့ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ အိမ်ရှင်အမျိုးသားက မဇ္ဈိမကို ပြောသည်။

“ည ၁၀ နာရီဝန်းကျင်မှာ လမ်းမီးတွေ ပိတ်ပြီးတော့ လူအယောက် ၃၀ လောက် ခဲနဲ့ထုတယ်။ ခဲနဲ့ထုပြီးတော့နောက် ဝန်းရံသူလို့ထင်တယ်။ အိမ်ထဲဝင်ပြီးတော့ ဖျက်ဆီးသွားတာ တီဗွီတွေဘာတွေ ပစ္စည်းတွေအကုန် ဖျက်ဆီးသွားတာ။ ခဲနဲ့ပေါက်တဲ့အချိန် ကျွန်တော်တို့လဲ တစ်နေရာကို ထွက်ပြေးရတယ်။ အိမ်သားတွေ မထိလို့တော်သေးတာပေါ့” ဟု နေအိမ်ဖျက်ဆီးခံရသူ အိမ်ရှင်က ပြောသည်။

အဆိုပါ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ် အမိုးသွပ်များပေါက်ပြဲခြင်းနှင့် အိမ်တွင်း ပစ္စည်းတချို့ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက တနယ်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေရကို အမည်မသိ လူတစ်စုက လာရောက်လုပ်ကြံမှုဖြစ်ပွားခဲ့သော်လည်း ၎င်းသည် အသက်ဘေးမှလွတ်မြောက်ခဲ့သည်။

ထိုဖြစ်ရပ်နှင့် ဆက်စပ်၍ အထင်မှားကာ ကြံ့ခိုင်ရေးပါတီဝင်များက နေအိမ်အား လာရောက်ဖျက်ဆီးခြင်းဖြစ်သည်ဟု အိမ်ရှင်ဖြစ်သူမှ မှတ်ချက်ပြုပြောသည်။

“ရွာရဲ့ဓလေ့ထုံးတမ်းအရ ရွာက ကျေးရွာကျောင်းက ဘုန်းကြီးတွေရယ်၊ ရပ်မိ/ရပ်ဖတွေနဲ့ရယ် ညှိနှိုင်းတော့ အလျှော်ပေးနိုင်တဲ့အပြင်၊ ကြိုက်သလိုလုပ်နိုင်တယ်ဆိုပြီး စိန်ခေါ်တဲ့ပုံစံမျိုးပဲ ပြောသွားတယ်ဗျာ” ဟု ၎င်းကဆိုသည်။

နေအိမ်ဖျက်ဆီးမှုမှာ ကြံခိုင်ရေးပါတီဝင်လူတစ်စု၏ လက်ချက်ဖြစ်ကြောင်း ပေါ်လွင်နေသော်လည်း ရွာဓလေ့အရ ရပ်မိ/ရပ်ဖများနှင့် သံဃာတော်တချို့က နေအိမ်အလျှော်ပြန်ပေးရေး ညှိနှိုင်းမှုကို ဖျက်ဆီးသွားသူများက လက်မခံသည့်အပြင် ကြိုက်ရာဆက်လုပ်နိုင်သည်ဟု အိမ်ပိုင်ရှင်ကို ၎င်းတို့က တုံ့ပြန်ပြောကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် တနယ်ကျေးရွာတွင် အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ကြံ့ခိုင်ရေးပါတီဝင်များ၊ ဝန်းရံထောက်ခံသူများနှင့် NLD ပါတီ ထောက်ခံဝန်းရံသူများလည်း နေထိုင်ကြောင်း သိရသည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...