CDM ဟန်ဆောင်ထားသည့် ရဲထောက်လှမ်းရေးကို PDF ဖမ်းဆီး

CDM ဟန်ဆောင်ထားသည့် ရဲထောက်လှမ်းရေးကို PDF ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း CDM ပြုလုပ်ထားဟန်ဆောင်ကာ PDF အဖွဲ့ထဲဝင်ရောက် ထောက်လှမ်းနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲထောက်လှမ်းရေးကို ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးလိုက်ကြောင်းသိရသည်။

“ဒီသတင်းကဟုတ်ပါတယ်။ ကျွန်တော်တို့ထုတ်ပြန်တာမျိုးတော့မလုပ်သေးပါဘူး” ဟု ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

စုံစမ်းစစ်ဆေးချက်အရ မုံရွာအမှတ် (၂) ရဲစခန်းမှ စည်သူငြိမ်း၊ ကိုယ်ပိုင်အမှတ် (၅၃၀၈၆၉) ဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်ထံက သိရပြီး မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ယင်းမာပင်မြို့နယ် ဘန်ဘွေးရွာအနီးမှ ကြံ့ခိုင်ရေးပါတီဝင်ပိုင် (၅) မိုင် တိုးဂိတ် မီးလောင်မှုအတွက် PDF လှုပ်ရှားမှုများအား လိုက်လံစုံစမ်းနေချိန် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ခုကပြောသည်။

ဩဂုတ် ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ် အနောက်ဖက်ကမ်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်၊ ဘန့်ဘွေးကျေးရွာအနီးရှိ တိုးဂိတ်မီးရှို့ခံရကာ တိုးဂိတ်မန်နေဂျာဆိုသူလည်း အသတ်ခံရမှုဖြစ်ပွားခဲ့သည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...