ကိုဗစ်ပိုးတွေ့လူနာများလာ၍ ဂွမြို့နယ်ကို ဒေသန္တရအမိန့်ထုတ်ပြန်

ကိုဗစ်ပိုးတွေ့လူနာများလာ၍ ဂွမြို့နယ်ကို ဒေသန္တရအမိန့်ထုတ်ပြန်

ကိုဗစ်ပိုးတွေ့လူနာများလာ၍ ရခိုင်ပြည်နယ် ဂွမြို့နယ်ကို ယနေ့ သြဂုတ်လ ၂၅ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်လက်မှတ်ရေးထိုးကာ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအမိန့်တွင် ဂွမြို့နယ်အတွင်း နေထိုင်သူများကို နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ ဈေးဝယ်ခွင့်ပြုသွားမည်ဖြစ်ပြီး ကျန်အချိန်များတွင် တာဝန်ကျန်းမာရေးကိစ္စနှင့် နာရေးကိစ္စမှအပ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်၊ မြို့နယ်အတွင်း အခြေခံစားသောက်ကုန်၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှအပ ကျန်ဈေးဆိုင်များအနေဖြင့် နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ ဈေးရောင်းချခြင်းပြုလုပ်သွားရန်ဟု ဖော်ပြပါရှိသည်။

ဤအမိန့်အား မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ထိရောက်စွာ အရေးယူခြင်းခံရမည်ဟုလည်း ဆိုထားသည်။

ယခုကဲ့သို့ ဒေသန္တရအမိန့်ထုတ်ပြန်ခံလိုက်ရမှုနှင့်ပတ်သက်ပြီး မြို့ခံတစ်ဦးဖြစ်သူ ကိုကျော်မြင့်မောင်က “တော်တော်များများကတော့ ဒီကိစ္စကို ပြောနေကြတယ်ပေါ့နော်။ သဘောမကျဘူးပေါ့။ အခုအချိန်မှာလာထုတ်တယ်ဆိုတော့။ အရင် သူတို့ ဒီထက်အခြေအနေဆိုးတဲ့အချိန်မှာတောင်မှ နေလာခဲ့ပြီကိုး။ အလုပ်သွား အလုပ်ပြန်နဲ့ နေ့တဓူဝလုပ်ရတဲ့ ဝမ်းစာအတွက်လုပ်နေရတဲ့သူတွေရှိနေတာကိုး။ အဲဒီတော့ သူတို့မှာလည်း ဒုက္ခရောက်ကြတယ်ပေါ့။” ဟု ပြောသည်။

ဂွမြို့နယ် နယ်နိမိတ်အတွင်း ယနေ့ သြဂုတ်လ ၂၅ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့သူ စုစုပေါင်း ဦးရေ (၆၈၂) ဦးနှင့် သေဆုံးသူဦးရေ (၁၆) ဦးရှိသဖြင့် ကိုဗစ်-၁၉ ပိုးတွေ့နှုန်းကျဆင်းသွားခြင်းမရှိ၍ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ယခုအမိန့်ကိုထုတ်ပြန်လိုက်ရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 
 

 

 

July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...