ဟုမ္မလင်းမြို့ ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီတပ်များ ဖမ်းဆီး

ဟုမ္မလင်းမြို့ ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီတပ်များ ဖမ်းဆီး

ဟုမ္မလင်းမြို့နယ် ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးသည် ယနေ့ ညနေပိုင်းက ၎င်း၏ နေအိမ်တွင် စစ်ကောင်စီတပ်များ လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံ၏ ဓာတ်မှန်းခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM ဝန်ထမ်း ကိုအိုက်ဇော်ကို ၎င်း၏ နေအိမ်တွင် စစ်ကောင်စီတပ်များက အိမ်စီးကားများဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဖမ်းဆီးခံရသည့် အကြောင်းအရင်းများကို ရှမ်းနီအသံက စုံစမ်းလျှက်ရှိနေသည်။

ဟုမ္မလင်းမြို့နယ်  ကုတင် (၁၀၀) ပြည်သူ့ဆေးရုံရှိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆေးရုံအုပ်အပါအဝင် ကျန်းမာရေးဝန်ထမ်းအများစု CDM တွင်ပါဝင်လာခဲ့ကြသည်။

စစ်ကောင်စီ၏ တပ်ချုပ်က CDM ဝန်ထမ်းများကို အရေးယူမှုများမပြုလုပ်တော့ကြောင်း ပြောဆိုထားသော်လည်း ဖမ်းဆီးမှုများက ဆက်လက်ရှိနေဆဲဖြစ်သည်။

Photo: စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသည့် ဟုမ္မလင်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများ

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...