ဟုမ္မလင်းမြို့ ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီတပ်များ ဖမ်းဆီး

ဟုမ္မလင်းမြို့ ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီတပ်များ ဖမ်းဆီး

ဟုမ္မလင်းမြို့နယ် ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးသည် ယနေ့ ညနေပိုင်းက ၎င်း၏ နေအိမ်တွင် စစ်ကောင်စီတပ်များ လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံ၏ ဓာတ်မှန်းခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM ဝန်ထမ်း ကိုအိုက်ဇော်ကို ၎င်း၏ နေအိမ်တွင် စစ်ကောင်စီတပ်များက အိမ်စီးကားများဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဖမ်းဆီးခံရသည့် အကြောင်းအရင်းများကို ရှမ်းနီအသံက စုံစမ်းလျှက်ရှိနေသည်။

ဟုမ္မလင်းမြို့နယ်  ကုတင် (၁၀၀) ပြည်သူ့ဆေးရုံရှိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆေးရုံအုပ်အပါအဝင် ကျန်းမာရေးဝန်ထမ်းအများစု CDM တွင်ပါဝင်လာခဲ့ကြသည်။

စစ်ကောင်စီ၏ တပ်ချုပ်က CDM ဝန်ထမ်းများကို အရေးယူမှုများမပြုလုပ်တော့ကြောင်း ပြောဆိုထားသော်လည်း ဖမ်းဆီးမှုများက ဆက်လက်ရှိနေဆဲဖြစ်သည်။

Photo: စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသည့် ဟုမ္မလင်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများ

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...