ချောင်းဆုံမြို့နယ်ကို Stay at Home သတ်မှတ်၊ မွန်မှာ Stay at Home သတ်မှတ်တဲ့ မြို့နယ် ၅ မြို့နယ်ထိ ရှိလာ

ချောင်းဆုံမြို့နယ်ကို Stay at Home သတ်မှတ်၊ မွန်မှာ Stay at Home သတ်မှတ်တဲ့ မြို့နယ် ၅ မြို့နယ်ထိ ရှိလာ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ကို နေအိမ်အတွင်းနေထိုင်ဖို့ Stay at Home သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်နေ့ ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

ချောင်းဆုံမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ့ရှိနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ရောဂါထိန်းချုပ်နိုင်ဖို့အတွက် နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ရတာလို့ ဆိုထားပါတယ်။

Stay at Home အစီအစဉ်မှာတော့ အစိုးရ ဝန်ထမ်းတွေ၊ ဘဏ်နဲ့ ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်၊ စက်သုံးဆီအရောင်းဆိုင်၊ ဆေးဝါးနဲ့ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းနဲ့ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ့် သူတွေ ပါဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါအပြင် အဖွဲ့အစည်း၊ကုမ္ပဏီတွေအနေနဲ့ နေအိမ်မှာသာ နေထိုင်ပြီး အလုပ်လုပ်ဖို့၊ မဖြစ်မနေ ဈေးဝယ်ထွက်ရင် တစ်အိမ်တစ်ဦးသာသွားရောက်ဖို့၊ ကျန်းမာရေးကိစ္စရှိရင် တစ်အိမ် ၂ ဦးနှုန်း၊ အရေးပေါ်ကိစ္စရှိရင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်ဖြင့် သွားလာရမှာ ဖြစ်ပါတယ်။

ဒီအမိန့်ဟာ သြဂုတ် ၂၅ ရက်နေ့ နံနက် ၄ နာရီမှ စတင် အကြုံဝင်မှာဖြစ်ပြီး လိုက်နာမှုမရှိရင် တည်ဆဲဥပဒေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ အခုအခါ မော်လမြိုင်မြို့နယ်၊ သထုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘီးလင်းမြို့နယ် နဲ့ချောင်းဆုံမြို့နယ်တို့ နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ကြေညာထားတာ ဖြစ်ပါတယ်။

 
 

 

 

Most read this week

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...