“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ (WNP) ၏ ဥက္ကဌနေရာအတွက် ဒု-ဉက္ကဌဖြစ်သည့် ဦးညီပလုပ်အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။

ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် “ဝ” အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀ ရက်နေ့တွင် အရေးပေါ် အစည်း အဝေးကို Online Zoom Meeting ဖြင့်ကျင်းပခဲ့ပြီး လစ်လပ်သွားသော ဥက္ကဌတာဝန်နေရာတွင် ဒု ဥက္ကဌ (၁) ဖြစ်သူ ”ဦးညီပလုပ်” အား ‘ဝ’ အမျိုးသားပါတီ၏ ယာယီဥက္ကဌ အဖြစ်တာဝန်ပေးအပ်ရန်အများမှ သဘော တူဆုံးဖြတ်ခဲ့ကြောင်း ယမန်နေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် ၎င်းတို့ပါတီ၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသား ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၄) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အာဏာသိမ်း စစ်ကောင်စီအဖွဲ့အား ထောက်ခံ ကြောင်း (၂၈) ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် WNP ပါတီ၏ဥက္ကဌ ဖြစ်သူ ဦးဆိုင်းပေါင်းနပ်က ပါဝင်လက်မှတ်ရေးထိုးပြီးနောက် ဥက္ကဌ၏လုပ်ရပ်အပေါ် ပြင်းထန်စွာရှုံ့ချကြောင်း ဩဂုတ်လ (၆) ရက်နေ့တွင် ပါတီက ကြေညာချက် ပြန်လည်ထုတ်ပြန်ခဲ့ပါသည်။

ပါတီဥက္ကဌ ဦးဆိုင်ပေါင်းနပ်မှ စစ်ကောင်စီကို ထောက်ခံကြောင်း ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်ပြီး ပါတီအပါအဝင် လားရှိုး ဝ လူငယ်အဖွဲ့ကလည်း ကန့်ကွက်ရှုတ်ချမှုများ ရှိပြီးနောက် ဩဂုတ်လ (၁၁) ရက်နေ့တွင် ဦးဆိုင်းပေါင်းနပ်က ပါတီ ဥက္ကဌရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

ပါတီ၏ ဥက္ကဌဖြစ်လာသူ ဦးညီပလုပ်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲက ဟိုပန်မြို့ နယ်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားသူဖြစ်သကဲ့သို့ ၄င်းသည် “ဝ” တိုင်းရင်းသား စာပေဆိုင်ရာလုပ်ငန်း အကြံပေးပုဂ္ဂိုလ်နှင့် “ဝ” သမိုင်းပြုစုရေးကော်မတီဝင်တစ်ဦးဖြစ်သည်ဟုလည်း သိရသည်။

Photo Credit to Owner - WNP ၏ ယာယီဉက္ကဌဖြစ်လာသည့် ဒု-ဉက္ကဌ ဉီးညီပလုပ်

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...