လွိုင်ကော်မြို့အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်

လွိုင်ကော်မြို့အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့မှ ဩဂုတ်လ ၂၄ ရက်နေ့မှစပြီး ည (၈) နာရီမှ နံနက် (၄) နာရီအတွင်း ညမထွက်ရအမိန့်ကို ရပ်ကွက်နဲ့ မြို့တွင်းမှာ ကားနဲ့လှည့်လည်ပြီး ကြေညာသွားတယ်လို့ သိရပါတယ်။

“ညနေ ၄ နာရီလောက်က လာအော်တယ်လေ ဒေါတမရပ်ကွက်မှာအော်တာတော့ ညမထွက်ရရယ်၊ အဝေးကလူတွေလာရင် နယ်မြေမှူးတွေကို ပြောပြဖို့၊ အသက် ၆၀ အောက်ဆုံးရင် ဆေးရုံကိုပို့ပြီး စာယူရမယ်ဆိုလားပဲ။ ထွေထွေထူးထူးတော့မရှိလောက်ပါဘူး မကြေညာထားတုန်းကလည်း ညထွက်ရင် ပစ်နေတာပဲကိုး ခုဟာက ထွက်ရင်ပစ်မှာလား ဖမ်းမှာလားတော့ မသဲကွဲဘူး” လို့ လွိုင်ကော်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ယခင်က ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းမရှိပေမယ့်လည်း လွိုင်ကော်မြို့တွင်း ညအချိန်မှာ တွေ့ရှိတဲ့သူတွေကို သေနတ်ဖောက်ပြီး လိုက်လံပစ်တာတွေရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...