ရခိုင်ပြည်အတွင်းက ဒေသအချို့တွင် စစ်တပ်ကအင်အားတိုးချဲ့နေမှုအပေါ် အနီးကပ်စောင့်ကြည့်နေကြောင်း AA ပြော

ရခိုင်ပြည်အတွင်းက ဒေသအချို့တွင် စစ်တပ်ကအင်အားတိုးချဲ့နေမှုအပေါ် အနီးကပ်စောင့်ကြည့်နေကြောင်း AA ပြော

ရခိုင်ပြည်အတွင်းက ဒေသအချို့တွင် စစ်တပ်က အင်အားတိုးချဲ့့နေသည့်အခြေအနေကို ရက္ခိုင့်တပ်တော် (AA) အနေဖြင့် အနီးကပ်စောင့်ကြည့်နေကြောင်း ယနေ့ (သြဂုတ် ၂၄ ရက်) တွင် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ပြောကြားသည်။

“ရက္ခိုင်ဒေသမှာ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ စစ်အင်အားတွေ တိုးချဲ့နေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်ကလည်းပဲ အဲဒီကိစ္စကို အနီးကပ်စောင့်ကြည့်နေပါတယ်။ တစ်ခုသေချာတာကတော့ အခုလိုအခြေအနေမျိုးမှာ အင်အားသုံးပြီးတော့ ခြိမ်းခြောက်တာမျိုး၊ နောက်တစ်ခုက ပြည်သူတွေအထိတ်တလန့်ဖြစ်စေဖို့အတွက် လုပ်နေတဲ့ကိစ္စမျိုးကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စလို့ဘဲမြင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ယင်းသို့ ရခိုင်ပြည်တောင်ပိုင်းအပါအဝင် အခြားမြို့နယ်များတွင်လည်း စစ်တပ်မှလုံခြုံရေးတိုးချဲ့ပြီး လှည့်လည်စစ်ဆေးနေမှုများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား DMG က ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ရခိုင်ပြည်အတွင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် ဖြစ်ပွားသည့်အမှုအခင်းများနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို တိုင်ကြားနိုင်ကြောင်းနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီးနောက် ရခိုင်ပြည်အတွင်းက ဒေသအများအပြားတွင် အစိုးရ၏ ရဲနှင့်လုံခြုံရေးတပ်ဖွဲ့များက ခရီးသွားပြည်သူများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ရသေ့တောင်မြို့နယ်ရှိ ထီးစွဲ၊ ပေါက်ဖက်ကျေးရွာများနှင့် အခြားနေရာများအပါအဝင် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း စစ်တပ်မှအင်အားတိုးချဲ့ကာ ပြည်သူလူထုများကို စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ရသေ့တောင်ဒေသခံ ကိုဘက္ကာက “ကျနော်တို့ဖက်မှာ တပ်မတော်ကအင်အားတိုးချဲ့နေတာတွေရှိတယ်။ တိုးတာကတော့ ဒီလအစောပိုင်းလောက်ကနေတိုးနေတာ။ မြို့ပေါ်ကလမ်းတွေမှာလည်း စစ်ဆေးမှုတွေရှိတယ်။ စစ်အင်းအားဖြည့်တာကတော့ လက်နက်ကြီးတွေနဲ့၊ ဂျက်တွေသွားလာနေတာတွေတွေ့ရတယ်” ဟု ပြောသည်။

ယင်းသို့ ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် စစ်တပ်မှ အင်အားတိုးချဲ့နေမှုများအပေါ် ဒေသခံပြည်သူများအနေဖြင့် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိနေကြသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...