တပ်မဟာ ၂ နယ်မြေတွင် KNDO နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

တပ်မဟာ ၂ နယ်မြေတွင် KNDO နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေတွင် စစ်ကောင်စီ တပ်အင်အား အများအပြား တက်လာပြီးနောက် ယနေ့ (ဩဂုတ် ၂၄) နံနက်ပိုင်းတွင် ဒေသအခြေစိုက် KNDO တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ခန့်အကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KNDO တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဘက်မှ တပ်အင်အားအပြည့်ပါလာသည့် စစ်ကောင်စီတပ်ကား ၂၈ စီးသည် ဩဂုတ် ၂၃ ရက်၊ မွန်းလွဲ ၁နာရီဝန်းကျင်တွင် KNU တပ်မဟာ-၂ ဘောဂလိမှ တက်လာပြီးနောက် ဩဂုတ် ၂၄ ရက်နေ့တွင် ထန်းတပင်မြို့ နယ်၊ သေးလေးထာဘက်မှ ဆက်လက်ထွက်ခွာလာရာ မော်ခီးကားလမ်း၊ ကိုးဒေးစခန်းအနီး ရောက်ရှိသည့်အချိန်တွင် နယ်မြေခံ KNDO တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဆုံတွေ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နယ်မြေခံ KNDO တပ်ရင်း (၄) ရုံးထိုင်မှူး ဗိုလ်ကြီးစောတာဘိုမူး ကေအိုင်စီသို့ ပြောသည်။

ယနေ့နံနက် ၆ နာရီကျော်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရှိထားကြောင်း KNDO တပ်ဖွဲ့ဝင်များဘက်က ထိခိုက်မှုမရှိကြောင်း ၎င်းက ယခုလိုပြောသည်။

“ပစ်ခတ်မှုဖြစ်တော့ စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်။ အတိအကျတော့ မရရှိသေးဘူး။ သူတို့က ဘယ်အထိ ဆက် သွားမလဲတော့ မသိသေးဘူး။ တောင်ငူခရိုင်မှာ ရန်သူဘက်က စစ်ရေးလှုပ်ရှားမှု ပိုတိုးလာမယ့်သဘော ရှိတယ်။ ဒီလိုပဲ စစ်ရေးလှုပ်ရှားမှုလုပ်ရင်တော့ ကျနော်တို့လူထုတွေက ပိုထိခိုက်မယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကရင်တစ်မျိုးသားလုံး အတွက် ကျနော်တို့ပြည်သူ၊ ကျနော်တို့နယ်မြေအတွက် ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်” ဟု ဗိုလ်ကြီးစောတာဘိုမူးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က အာဏာသိမ်းယူပြီးနောက် မတ်လမှစ၍ ယခု ဩဂုတ်လအထိ KNU တပ်မဟာ (၂) နယ်မြေတွင် တိုက်ပွဲအကြိမ်ရေ ၆၀ ကျော်သွားပြီဖြစ်ကာ စစ်ကောင်စီတပ်ဘက်မှ ၄၀ ဦးကျော် ကျဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၁၀၀ ကျော်ရှိကြောင်း KNDO ဘက်က ပြောဆိုထားသည်။

ယခုရက်ပိုင်းအတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများဖြစ်သည့် သထုံခရိုင် (တပ်မဟာ-၁)၊ တောင်ငူခရိုင် (တပ်မဟာ-၂)၊ မူတြော်ခရိုင် (တပ်မဟာ-၅) နှင့် ဒူးပလာယာခရိုင် (တပ်မဟာ-၆) နယ်မြေများတွင် စစ်ကောင်စီတပ်မှ အင်အား အမြောက်အများ တိုးချဲ့လာပြီး စစ်ရေးလှုပ်ရှားမှုများရှိကာ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များလည်း စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း နယ်မြေခံ KNU တာဝန်ရှိသူများထံမှ သိရသည်။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...