စစ်ရှောင်များရှိသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့တွင် ကိုဗစ်ရောဂါ စိုးရိမ်ရ

စစ်ရှောင်များရှိသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့တွင် ကိုဗစ်ရောဂါ စိုးရိမ်ရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင် (၅၀၀) ကျော် ရောက်ရှိခိုလှုံနေသည့် မိုင်းငေါ့မြို့တွင် ကိုဗစ်ကူးစက်ခံရမည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရာချီ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ကြောင်း၊ မိုင်းငေါ့မြို့တွင် ကိုဗစ်−၁၉ ကူးစက်ခံရသူ မြင့်တက်နေပြီး ထိုစစ်ရှောင်များအတွက် စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

“မိုင်းငေါ့က ကိုဗစ်လူနာတွေ များပြားလာနေပြီ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက တစ်ရက်ထဲကို (၅) ယောက်ထိတွေ့ခဲ့တယ်၊ အဲ့တော့ စစ်ရှောင်စခန်းမှာ ရောက်နေတဲ့သူတွေအတွက်က စိုးရိမ်ရတယ်” ဟု မိုင်းငေါ့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းငေါ့တွင် စစ်ရှောင်စခန်း (၇) ခုခန့်ရှိနေပြီး သြဂုတ်လ (၂၂) ရက် ယမန်နေ့ညက ထပ်မံရောက်ရှိလာသူ (၄၀) ကျော်ရှိကာ အကူအညီလိုအပ်နေကြောင်း၊ ထို့အပြင် ကျန်းမာရေးမကောင်းသူများလည်းရှိနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“မနေ့က စစ်ရှောင် (၄၆) ဦး ထပ်ရောက်လာတယ်၊ စစ်ရှောင်စခန်းမှာလည်း နေမကောင်းတဲ့သူတွေ ရှိနေတယ်၊ နောက်ပြီး အစားအသောက်နဲ့ ဆေးဝါးတွေကလည်း လိုနေတယ်” ဟု မိုင်းငေါ့စစ်ရှောင်များကို ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထပ်မံရောက်ရှိလာသည့် စစ်ရှောင်များမှာ ပန်လင်ကျေးရွာအုပ်စု နားလင့်ရွာဒေသခံများဖြစ်ပြီး ထိုစစ်ရှောင်များအပါအဝင် မိုင်းငေါ့တွင် စစ်ရှောင်သူ (၅၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ (၂၁) ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၂၁) ဦးရှိပြီး ၎င်းနှင့် အနီးဆုံးမြို့ဖြစ်သည့် ကျောက်မဲမြို့တွင် ကိုဗစ်အတည်ပြုလူနာ (၇၀၀) ကျော်ရှိနေကြောင်း သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...