မိုင်းကိုင်စစ်ရှောင် (၁၀၀) ထပ်ရောက် ကိုဗစ်ကူးစက်မည်ကို စိုးရိမ်

မိုင်းကိုင်စစ်ရှောင် (၁၀၀) ထပ်ရောက် ကိုဗစ်ကူးစက်မည်ကို စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ စစ်ဘေးရှောင် (၁၀၀) ခန့် ရောက်ရှိခိုလှုံနေသည့် တုံလောကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ တုံလောက်ကျေးရွာအုပ်စုမှာ ကိုဗစ်-၁၉ အတည်ပြု လူနာရှိသည့်အတွက် စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူများလည်း ကိုဗစ်-၁၉ ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း တုံလောကျေးရွာအုပ်စု ဝမ့်ဖက်ဟီ့ ဒေသခံ တစ်ဦးပြောသည်။

“တုံလောမှာလဲ အတည်ပြု လူနာရှိလာတော့ ကျနော်တို့ စိုးရိမ်ရတယ်။မကူးစက်အောင် နည်းလမ်းရှာရတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းဝင်းအပြင်အထွက်ဖို့ တုံလောမသွားဖို့ လက်ကို မကြာခဏဆေးပေးဖို့” ဟု ပန်လန့် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်များကို ကူညီပေးနေသည့်သူတစ်ဦးက ပြောသည်။

သျှမ်းတပ် (၂) တပ်သည် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စု ကုံးကော်ကျေးရွာအနီး တိုက်ပွဲပြင်းထန်သောကြောင့် ဒေသခံ တစ်ချို့ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်လန့်ဘုန်းကြီးကျောင်းမှာ စစ်ရှောင် (၉၁) ဦး လာရောက်ခိုလုံခဲ့ကြသည်။

“ဒီနေ့တော့ ထပ်ရောက်လာသေးတာ မရှိသေးဘူး။ စောင်တွေ အိပ်ယာခင်းတွေ မရလာဘူး။ ကလေး နဲ့ မိခင်တွေများတော့ စားနပ်ရိကာ နဲ့ အဝတ်အထည်တွေ လိုအပ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်လန့် ဘုန်းကြီးကျောင်းမှာ ရောက်ရှိ စစ်ရှောင်များသည် သြဂုတ် (၁၁) ရက်နေ့က ရောက်ရှိလာသည့်သူများရှိသလို သြဂုတ် (၂၃) ရက်နေ့တွင်လည်း ရောက်ရှိလာကြသည်။

ထိုစစ်ရှောင်များသည် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စု အတွင်းဖြစ်သော ကုံးကော်ကျေးရွာ၊ ဝမ်ကျောင်းကျေးရွာ၊ နောင်ပိန်ကျေးရွာ နှင့် လွယ်လုံ ကျေးရွာ တို့ ဖြစ်သည်။

သြဂုတ် (၂၃) ရက်နေ့က သျှမ်းတပ် (၂) တပ်သည် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စု ကုံးကော်ရွာအနီးတွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ နမ့်လန်ဒေသ ကုံးကော်ဘုန်းကြီးကျောင်းမှာ (၅၀၀) ကျော် ထွက်ပြေးလာပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုဘက်တွင်လည်း ထွက်ပြေးလာခဲ့သည်။

သျှမ်းတပ် (၂) တပ်သည် ဇွန်လဆန်းပိုင်းက စတင်ကာ နယ်မြေ အငြင်းပွားမှု ပြသာနာဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး ထိုတိုက်ပွဲကြောင့် လယ်ယာလုပ်ငန်းကို စွန့်ခွာရပြီး စစ်ရှောင်နေရကြောင်း သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...