လွိုင်လင်လေးအရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွား

လွိုင်လင်လေးအရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွား

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်း ကုန်းဆွတ်ကျေးရွာအနီးတွင် ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ကိုဗစ်ဂိတ်စောင့်နေတာ။ မနက်အစောကြီး ၆ နာရီလောက်မှာ ဂိတ်သွားစောင့်ကြတယ်။ တအောင့်လောက်နေတော့ သေနတ်သံတွေ ကြားတယ်။ ပထမတော့ တစ်ချက်၊ နှစ်ချက်ပဲ နောက်ပြီး ဆက်တိုက် ပစ်ကြတော့တာပဲ။ ကျနော်တို့ဖက်နဲ့ သိပ်မဝေးပါဘူး။ အကုန်ကြားရတယ်လေ။ နာရီဝက်လောက်ကြာတယ်” လို့  လွိုင်လင်လေးမြို့အရှေ့ခြမ်းမှ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လွိုင်လင်လေးမြို့အရှေ့ခြမ်းက ဒေသခံပြည်သူများမှာ ယခင်ဩဂုတ်လ အစပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အိမ်မပြန်နိုင်ကြသေးပဲ ယနေ့အချိန်ထိ တိမ်းရှောင်နေရကြရဆဲဖြစ်ပါတယ်။

“လူတွေက ထိတ်လန့်ကြတာပေါ့ အရင်ကတည်းက အိမ်မပြန်ရဲကြသေးဘူး။ ခုထိ စစ်ရှောင်ခစန်းမှာပဲ ရှိသေးတယ်။ ကိုယ့်ခြံ၊ ကိုယ့်တောင်ယာနဲ့ အလုပ်တဖက်လုပ်ကြတယ်။ တောထဲမှာ။ စားဝတ်နေရေးအတွက်ဆိုရင်။ ခုက ရွာစောင့်တွေတော့ ရှိတာပေါ့။ ရွာထဲမှာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ဒေသခံပြည်သူ ရှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး ယနေ့အချိန်ထိ အိမ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

 
 

 

 

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...