ကော့ကရိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ (၆) ကြား တိုက်ပွဲစတင်ဖြစ်ပွား

ကော့ကရိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ (၆) ကြား တိုက်ပွဲစတင်ဖြစ်ပွား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက် ကမိုင်ကုန်းကျေးရွာဘက်တွင် ယနေ့ ဩဂုတ် ၂၃ ရက်၊ မွန်းလွဲ ၁ နာရီကျော်အချိန်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲစတင်ဖြစ်ပွားနေသည်ဟု သိရသည်။

ရာနှင့်ချီသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) တပ်ဖွဲ့ဝင် များသည် ယမန်နေ့ညကတည်းက ကမိုင်ကုန်းကျေးရွာတွင် ဝင်ရောက်နေရာယူထားပြီးနောက် ယခုလို တိုက်ပွဲ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။

“ပထမ လက်နက်ကြီး ၃ ချက်ပစ်တယ်။ ပြီးတော့ လက်နက်ကြီး လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်တယ်။ ကမိုင်ကုန်းနဲ့ အံဖကြီးလေးကြားမှာဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်ကြတယ်။ ဘယ်သူက အရင်ပစ်လိုက်သလဲတော့ မသိဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုလို ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့်ကြ၍ ထွက်ပြေးတိမ်းရှောင်နေကြရသူများရှိသလို နေအိမ်တွင် တူးထားသည့် ဗုံးခိုကျင်းထဲတွင် ဝင်ရောက်ခိုလှုံနေကြသူများလည်းရှိသည်။

 
 

 

 

January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...
December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...