KNLA တပ်မဟာ ၆ နှင့် စစ်ကောင်စီတပ်တို့ မြဝတီမြို့ ကွင်းကလေးရွာဘက်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

KNLA တပ်မဟာ ၆ နှင့် စစ်ကောင်စီတပ်တို့ မြဝတီမြို့ ကွင်းကလေးရွာဘက်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

ကရင်ပြည်နယ် မြဝတီမြို့ အနောက်တောင်ဘက် ၉ မိုင်ခန့်အကွာ ကွင်းကလေးရွာဘက်တွင် ယနေ့ သြဂုတ်လ ၂၂ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၆) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ KNLA ထိမ်းချုပ်နယ်မြေကို ကျော်လွန်ဝင်ရောက်လာသည့်အတွက် ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNLA ဘက်က ကေအိုင်စီသို့ ပြောသည်။

“ဒီကနေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကွင်းကလေးရွာကျေးရွာအုပ်စု ထီးမူးထာ့ရွာအကျော် ကွင်းတစ်နေရာတွင် နာရီဝက်ခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်” ဟု KNLA တပ်မဟာ ၆ မှ စစ်သည်တစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၃ ဦးခန့် ကျဆုံးခဲ့သည်ဟု ခန့်မှန်းထားသော်လည်း အဆိုပါ ကျဆုံးသတင်းနှင့်ပတ်သက်၍ သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အဆိုပါစစ်သည်က ဆက်ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ခဲ့၍ အနီးဝန်းကျင်ကျေးရွာရှိ ရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး စစ်ကောင်တပ်နှင့် KNLA တပ်ဖွဲ့တို့မှာ လက်ရှိအချိန်တွင် ပစ်ခတ်မှုမရှိတော့သော်လည်း နှစ်ဖက်တင်းမာနေဆဲအခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 
 

 

 

January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...
December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...