KNLA တပ်မဟာ ၆ နှင့် စစ်ကောင်စီတပ်တို့ မြဝတီမြို့ ကွင်းကလေးရွာဘက်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

KNLA တပ်မဟာ ၆ နှင့် စစ်ကောင်စီတပ်တို့ မြဝတီမြို့ ကွင်းကလေးရွာဘက်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

ကရင်ပြည်နယ် မြဝတီမြို့ အနောက်တောင်ဘက် ၉ မိုင်ခန့်အကွာ ကွင်းကလေးရွာဘက်တွင် ယနေ့ သြဂုတ်လ ၂၂ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၆) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ KNLA ထိမ်းချုပ်နယ်မြေကို ကျော်လွန်ဝင်ရောက်လာသည့်အတွက် ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNLA ဘက်က ကေအိုင်စီသို့ ပြောသည်။

“ဒီကနေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကွင်းကလေးရွာကျေးရွာအုပ်စု ထီးမူးထာ့ရွာအကျော် ကွင်းတစ်နေရာတွင် နာရီဝက်ခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်” ဟု KNLA တပ်မဟာ ၆ မှ စစ်သည်တစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၃ ဦးခန့် ကျဆုံးခဲ့သည်ဟု ခန့်မှန်းထားသော်လည်း အဆိုပါ ကျဆုံးသတင်းနှင့်ပတ်သက်၍ သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အဆိုပါစစ်သည်က ဆက်ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ခဲ့၍ အနီးဝန်းကျင်ကျေးရွာရှိ ရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး စစ်ကောင်တပ်နှင့် KNLA တပ်ဖွဲ့တို့မှာ လက်ရှိအချိန်တွင် ပစ်ခတ်မှုမရှိတော့သော်လည်း နှစ်ဖက်တင်းမာနေဆဲအခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...