ဖားကန့်မြို့နယ် အင်တာနက်လိုင်းပြတ်တောက်နေမှုကို ဒေသခံများ စိုးရိမ်နေ

ဖားကန့်မြို့နယ် အင်တာနက်လိုင်းပြတ်တောက်နေမှုကို ဒေသခံများ စိုးရိမ်နေ

ဖားကန့်မြို့နယ်တွင် ဩဂုတ်လ (၂၀) ရက်နေ့ ညပိုင်းကတည်းက  မိုဘိုင်းဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံရကြောင်းဒေသခံများထံမှ သိရသည်။

အင်တာနက်ဖြတ်တောက်ခံရမှုများကြောင့် ဒေသခံများလည်း စိုးရိမ်မှုများရှိနေကြောင်း ယနေ့နံနက် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။

“ဝိုင်ဖိုင်တွေကလည်း ၇ နာရီခွဲက ပျက်သွားပြီ၊ အခု ဘာလိုင်းမှ မရရတော့ဘူး၊ ဖုန်းလိုင်းကတော့ ရနေသးတယ်။ သူတို့ (စစ်တပ်) က ဒီဘက်ကို ပစ်မှတ်ထားတာထင်တယ်“ ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဖားကန့်မြို့နယ်နှင့် ထိစပ်နေသည့် နယ်ခြားများတွင် စစ်အင်အား ဩဂုတ်လ ၁၉ ရက်ကတည်းက တိုးချဲ့ထားကြောင်း ဒေသခံများထံမသိရသည်။

“တာမခံမှလည်း ဒီနေ့မနက်ကမှ အင်တာနက်ပျက်သွားတယ်။ ဖုန်းလိုင်းတွေအားလုံးတော့ရေသေးတယ်။ ကိုဗစ်ကတစ်ဖက်၊ ဒီနိုင်ငံရေးက တစ်ဖက်နဲ့တော့ ဘာလုပ်စားကိုင်စားရမှန်းကိုမသိဘူး“ ဟု ဖားကန့်မြို့နယ် တာမခံမြို့သစ်မှ ဒေသံတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရက်အနည်းငယ်အကြာတွင် မိုဘိုင်းဖုန်းအင်တာနက်များကို လချီကြာဖြတ်တောက်ခဲ့သည်။

Photo: တယ်လီနော်၏ တာဝါတိုင်တစ်ခုကို တွေ့ရစဉ်

 
 

 

 

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...