ဖားကန့်မြို့နယ် အင်တာနက်လိုင်းပြတ်တောက်နေမှုကို ဒေသခံများ စိုးရိမ်နေ

ဖားကန့်မြို့နယ် အင်တာနက်လိုင်းပြတ်တောက်နေမှုကို ဒေသခံများ စိုးရိမ်နေ

ဖားကန့်မြို့နယ်တွင် ဩဂုတ်လ (၂၀) ရက်နေ့ ညပိုင်းကတည်းက  မိုဘိုင်းဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံရကြောင်းဒေသခံများထံမှ သိရသည်။

အင်တာနက်ဖြတ်တောက်ခံရမှုများကြောင့် ဒေသခံများလည်း စိုးရိမ်မှုများရှိနေကြောင်း ယနေ့နံနက် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။

“ဝိုင်ဖိုင်တွေကလည်း ၇ နာရီခွဲက ပျက်သွားပြီ၊ အခု ဘာလိုင်းမှ မရရတော့ဘူး၊ ဖုန်းလိုင်းကတော့ ရနေသးတယ်။ သူတို့ (စစ်တပ်) က ဒီဘက်ကို ပစ်မှတ်ထားတာထင်တယ်“ ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဖားကန့်မြို့နယ်နှင့် ထိစပ်နေသည့် နယ်ခြားများတွင် စစ်အင်အား ဩဂုတ်လ ၁၉ ရက်ကတည်းက တိုးချဲ့ထားကြောင်း ဒေသခံများထံမသိရသည်။

“တာမခံမှလည်း ဒီနေ့မနက်ကမှ အင်တာနက်ပျက်သွားတယ်။ ဖုန်းလိုင်းတွေအားလုံးတော့ရေသေးတယ်။ ကိုဗစ်ကတစ်ဖက်၊ ဒီနိုင်ငံရေးက တစ်ဖက်နဲ့တော့ ဘာလုပ်စားကိုင်စားရမှန်းကိုမသိဘူး“ ဟု ဖားကန့်မြို့နယ် တာမခံမြို့သစ်မှ ဒေသံတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရက်အနည်းငယ်အကြာတွင် မိုဘိုင်းဖုန်းအင်တာနက်များကို လချီကြာဖြတ်တောက်ခဲ့သည်။

Photo: တယ်လီနော်၏ တာဝါတိုင်တစ်ခုကို တွေ့ရစဉ်

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...