ကရင်နီပြည်နယ်တွင် ဒီးမော့ဆိုလူဦး‌ရေ အများဆုံးတိမ်းရှောင်နေရ

ကရင်နီပြည်နယ်တွင် ဒီးမော့ဆိုလူဦး‌ရေ အများဆုံးတိမ်းရှောင်နေရ

ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တဲ့ မြို့နယ်ထဲမှာ ဒီးမော့ဆိုမြို့က စစ်ဘေးရှောင်လူဦးရေ အများဆုံးဖြစ်တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) ရဲ့ ဩဂုတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

KCSN ရဲ့ ကောက်ယူထားတဲ့စာရင်းအရ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်သူ ၅ သောင်းကျော် (၅၅၂၆၅) ရှိပါတယ်။

ဩဂုတ် ၁၅ရက်နေ့အထိ ကယားတစ်ပြည်နယ်လုံးက စစ်‌ဘေးရှောင်‌တွေအပြင် ဖယ်ခုံမြို့နယ်က စစ်ရှောင်‌တွေအပါအဝင် စုစုပေါင်း တစ်သိန်းနှစ်သောင်းကျော် (၁၂၀၄၄၉) ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ KCSM ရဲ့ assistant coordinator ခူးရူဘီက အခုလိုပြောပါတယ်။

"အခုအခက်အခဲကတော့ အဲ့ဒီ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တချို့ကညဟိုးဒလန်တွေကြောင့် ထပ်ထွက်ပြေးရတာတွေရှိတယ်လေနော။ ခုဏက ဆရာပြောသလို တစ်ပူပေါ် နှစ်ပူဆင့်ဆိုတာက စားဝတ်နေရေး အခက်အခဲတစ်ခုရယ် နောက်ပြီးတော့ အရွေ့အပြောင်းတစ်ခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့သိရသလောက် အရင်ကဆိုရင်လဲ။ အရွေ့အပြောင်းထဲမှာ ကိုယ်ဝန်သည် မိန်းကလေးတွေလည်းပါတယ်။ ဒီမှာက သူတို့အတွက် ရွေ့ပြောင်းတာ မလွယ်ဘူးဆိုတဲ့ အနေအထား။ စားဝတ်နေရေးကလည်း တစ်ခါတည်းရွေ့ပြောင်းတယ်ဆိုတော့ ဒီအလှူရှင်တွေကလည်း တစ်ခါတည်းမရှိတဲ့အနေအထားမှာ သူတို့ကတော့ တော်တော်လေး ခက်ခဲတဲ့အနေအထားမှာ ကျနော်တို့ တွေ့ရတယ်ပေါ့" လို့ ပြောပါတယ်။

 

ကရင်နီပြည်နယ်မှာဆိုရင် မေလ ၂၁ ရက်နေ့ ဒီးမော့ဆိုမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ပြည်သူတွေ ယနေ့အချိန်ထိ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

ဒီးမော့ဆိုမှာဆိုရင် လူဦးရေ ရှစ်သောင်းကျော်ရှိသည့်အနက် လက်ရှိ ငါးသောင်းကျော် စစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...