DKBA မှ စားဝတ်နေရေးခက်ခဲသည့် ပြည်သူများထံ စားသောက်ကုန်များ စတင်ထောက်ပံ့

DKBA မှ စားဝတ်နေရေးခက်ခဲသည့် ပြည်သူများထံ စားသောက်ကုန်များ စတင်ထောက်ပံ့

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာများတွင် စားဝတ်နေရေးခက်ခဲသည့် ပြည်သူများထံ အခြေခံစားသောက်ကုန်များကို ဩဂုတ် ၂ဝ ရက် ယမန်နေ့က စတင်ထောက်ပံ့ပေးနေပြီးဟု DKBA-ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်မှ ၎င်းတို့၏ ဒေသတာဝန်ရှိသူထံမှ သိရသည်။

ပြောင်မထိန်၊ ကျွန်းချောင်း၊ ကြိမ်ချောင်း၊ မိတ္တဗွီး၊ လေးဖာထောရွာရှိ စားဝတ်နေရေးခက်ခဲသည့် ပြည်သူများကို ဆန်၊ ဆီ၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးလျှက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများလည်း စီစဉ်ဆောင်ရွက်ပေးနေပြီးဟု DKBA အမှတ် ၉ဝ၃ တပ်ရင်းမှူး ဗိုလ်မှူးစောအေဝမ်းက ဩဂုတ်လ ၂၁ ရက်နေ့ ကေအိုင်စီသို့ ပြောသည်။

“ကိုဗစ်နဲ့နိုင်ငံရေး မတည်ငြိမ်မှုတွေအပေါ်မှာ ကျနော်တို့လူထုတွေ အလုပ်အကိုင်ရှားလာပြီး သွားလာရခက်ခဲလာတော့ စားဝတ်နေရေး အဆင်မပြေကြဘူးပေါ့နော်။ ဆန်အိတ် ၈ဝဝ၊ ဆီ၊ ခေါက်ဆွဲခြောက်တွေ အဝတ်အထည်တွေ နိုင်သလောက်ကူညီပေးတာပေါ့နော်။ ကိုဗစ်ရောဂါကဖြစ်နေတော့ သူတို့ရဲ့ ကျန်းမာရေးစောက်ရှောက်မှုအတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားတယ်” ဟု ဗိုလ်မှူးစောအေဝမ်းက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ထိုဒေသ၌နေထိုင်သည့် ပြည်သူအများစုမှာ ဝဥ၊ ပီလောပီနံ စိုက်ပျိုးမှုဖြင့် အသက်မွေးကြပြီး ကိုဗစ်ကာလအချိန်တွင် အရောင်းအဝယ်နည်းပါးကာ အလုပ်ငှားရမ်းမည့်သူမရှိသည့်အတွက် ဒေသခံအချို့မှာ ဆန်ပြုတ်ချက်စားနေရတာတွေ ရှိသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

လေးဖာထောရွာသား စောအုန်းမောင်က “အလုပ်အကိုင်မရှိ သွားလာမရတော့ အချို့ရွာသားတွေ ဆန်ပြုတ်စားနေရ တယ်။ သူတို့ရဲ့ မျှစ်၊ ၀ဥတွေလည်း ဝယ်သူမရှိဘူးလေ။ အရမ်းခက်ခဲလာကြတယ်။ DKBA ကနေ ဆန်အိတ်အကြီး၊ အသေး အိတ် ၆ဝ ကျော် ဆီ ကြက်သွန်တွေ လာထောက်ပံ့ပေးတော့ အများကြီးဝမ်းသာတယ်။ ပီလောပီနံဥ ထွက်တဲ့အချိန်ဆို ရွာသားတွေ နည်းနည်းပြန်အဆင်ပြေမယ်ပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာအသီးသီးတွင် စားဝတ်နေရေးခက်ခဲသည့် ပြည်သူများ အသိပေးလာပါက လက်လှမ်းမီသလောက် ဆက်လက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အနေဖြင့် လာမည့်အောက်တိုဘာလတွင် အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ပေးသွားမည်ဟုလည်း DKBA အဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...