မိုးစပါးထိခိုက်ပျက်စီးသွားသည့် တောင်သူများထံ မျိုးစေ့ထောက်ပံ့နေပြီးဟု ပြည်နယ်စစ်ကောင်စီပြော

မိုးစပါးထိခိုက်ပျက်စီးသွားသည့် တောင်သူများထံ မျိုးစေ့ထောက်ပံ့နေပြီးဟု ပြည်နယ်စစ်ကောင်စီပြော

ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်က မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်၊ ချောင်းရေများ လျှံထွက်လာမှုကြောင့် ရေလွှမ်းခံရသည့် တောင်သူများ၏ လယ်စိုက်ဧက ၉ဝဝဝ ကျော်မှ ထိခိုက်ပျက်စီးသွားသော မိုးစပါးများကို ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစေ့ထောက်ပံ့နေပြီဟု ပြည်နယ်စစ်ကောင်စီ ပြန်ကြားရေးဌာန၏ ဖော်ပြချက်အရ သိရသည်။

ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လယ်ယာမြေ ၉၂၈ဝ ဧကခန့် ရေလွှမ်းခံခဲ့ရပြီး ၄၆၅၆ ဧက ထိခိုက်ကာ ၃၁၃၈ ဧကမှာ လုံး၀ပျက်စီးသွားသည့်အတွက် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစေ့များထောက်ပံ့ပေးနေလျက်ရှိပြီး ထွက်ရှိလာမည့် ဆန်စပါးများကို ပြည်ပပို့ကုန်အနေဖြင့် တင်ပို့နိုင်မည်ဆိုပါက ပို့ကုန်ကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဟု ကရင်ပြည်နယ် စစ်ကောင်စီဥက္ကဌ စောမြင့်ဦးက ဩဂုတ် ၁၉ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် မျိုးစေ့ထောက်ပံ့ပွဲ၌ ပြောဆိုသည်။

ထိခိုက်ပျက်စီးသွားသည့် စိုက်လယ်ဧက ၃၁၃၈ အတွက် ပထမအကြိမ်အနေဖြင့် မျိုးစေ့ ၁၂၇ဝ တင်းကို ပြည်နယ်စစ်ကောင်စီမှ ထောက်ပံ့ပေးမှုမှာ တောင်သူများအတွက် လုံလောက်မှုမရှိသည့်အပြင် အချိန်မီပြန်လည်စိုက်ပျိုးရန် အခက်အခဲရှိသည်ဟု တောင်သူများက ပြောသည်။

“ရေကြီးတော့ ဧက ၁ဝဝ နီးပါး ပျက်စီးသွားတယ်။ မျိုးစေ့ထောက်ပံ့တာတော့ ဘာမှမသိရဘူးပေါ့နော်။ အချိန်မီပြန်စိုက်နိုင်ဖို့က ကုန်ကျထားခဲ့တာနဲ့ စိုက်ဘဏ်က ငွေမထုတ်ပေးသေးတာနဲ့ အရမ်းခက်ခဲနေတယ်။ ဘယ်သူ့ကို အားကိုးရမလဲ မသိတော့ဘူး။ မျိုးစေ့မရှိတာနဲ့ အများစုက ပြန်မစိုက်ကြတော့ဘူး” ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ တောင်သူစောဖာတို့က ဩဂုတ်လ ၁၉ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။

ရေကြီးမှုကြောင့် ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မိုးစပါးထိခိုက်ပျက်စီးသွားသည့် တောင်သူများအား ပထမအကြိမ်အနေဖြင့် မျိုးစပါးထောက်ပံ့ပေးခြင်းဖြစ်ပြီး ဆက်လက်ထောက်ပံ့နိုင်ရန် စီစဉ်ထားလျက်ရှိကာ ဩဂုတ်တတိယအပတ်တွင် တောင်သူများအတွက် စိုက်ချေးငွေများ ထုတ်ချေးပေးသွားမည်ဟု အမည်မဖော်လိုသူ ပြည်နယ်စစ်ကောင်စီ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...