တာပိန်မြစ်ရေကြီးမှုကြောင့် တာပိန် (၁) ရေအားလျှပ်စစ်စက်ရုံ၏ လည်ပတ်ရေပမာဏထက် (၅) မြင့်တက်လာနိုင်၊ စက်ရုံအောက်ပိုင်း ကျေးရွာများကို မြစ်ရေကြီးလာနိုင်မှုအတွက် သတိပေးထား

တာပိန်မြစ်ရေကြီးမှုကြောင့် တာပိန် (၁) ရေအားလျှပ်စစ်စက်ရုံ၏ လည်ပတ်ရေပမာဏထက် (၅) မြင့်တက်လာနိုင်၊ စက်ရုံအောက်ပိုင်း ကျေးရွာများကို မြစ်ရေကြီးလာနိုင်မှုအတွက် သတိပေးထား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာပိန်မြစ်ရေကြီးလာခဲ့ပြီး တာပိန် (၁) ရေအားလျှပ်စစ်စက်ရုံ၏ လည်ပတ်ရေပမာဏထက် (၅) ဆရှိလာနိုင်ဟု စက်ရုံဘက်က ခန့်မှန်းထားပြီး မြစ်ရေကြီးမှုကို သတိပေးထားသည်။

စက်ရုံအောက်ပိုင်းနှင့် မြစ်ကြောင်းတလျှောက်ရှိ ကျေးရွာများကိုလည်းလည်း မြစ်ရေကြီးလာနိုင်ကြောင်း အကြောင်းကြားထားသည်ဟု ဆိုသည်။

“တက်တာကတော့ မိုးအရမ်းရွာလို့ တက်နေတာပဲ နည်းနည်းချင်း၊ တော်တော်များများတော့ ကုန်းမြင့်ပိုင်းနေကြတာ ပြောင်းဖို့သိပ်မလိုဘူး၊ မြေနိမ့်ပိုင်း လယ်ကွက်ထဲရှိတာဆိုလို့ (၃) ရွာပဲရှိတာ၊ အခုလောလောဆယ် သူတို့ပြောင်းခိုင်းတဲ့အသံလည်း မကြားသေးဘူး” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

ရေအားလျှပ်စစ်စက်ရုံမှ လည်ပတ်ပမာဏကျော်လွန်သည့် ရေများကို ယနေ့ညနေပိုင်း စတင်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

တာပိန်မြစ်ရေသည် ၂၀၂၀ ခုနှစ်တွင် နှစ်ကြိမ်တိုင် ရေကြီးမှုဖြစ်ပွားခဲ့ပြီး သောင်းနှင့်ချီသည့် စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများ ပျက်ဆီးဆုံးရှုံးခဲ့သည်။

ယနေ့ စက်ရုံ၏ ပုံမှန်လည်ပတ်ရေပမာဏ ၁၃၀၀၀ ကျူဆက် (ကုပဗေ/စက္ကန့်) မှ ၆၅၀၀၀ ကျူဆက်အထိ ရောက်လာနိုင်ကြောင်း တာပိန် (၁) စက်ရုံမှ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

၂၀၂၀ ခုနှစ် ဩဂုတ်လ (၁၈) ရက်နေ့တွင် တာပိန်မြစ်ရေကြီးမှုကြောင့် စက်ရုံ၏ ပုံမှန်လည်ပတ်ရေပမာဏထက် (၃) ဆရှိခဲ့သည်။

တာပိန် (၁) ရေအားလျှပ်စစ် စက်ရုံသည် ၂၀၀၇-၈ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကာ ၂၄၀ မီဂ္ဂါဝပ် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

Photo Credit - Daw Myint Myat Soe/Facebook

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...