မွန်က အကျဥ်းထောင်မှာ ကိုဗစ်ကူးစက်ခံရတဲ့ အကျဥ်းသား (၁၀၀) ကျော် ရှိနေတယ်လို့ ရှေ့နေတွေ ပြော

မွန်က အကျဥ်းထောင်မှာ ကိုဗစ်ကူးစက်ခံရတဲ့ အကျဥ်းသား (၁၀၀) ကျော် ရှိနေတယ်လို့ ရှေ့နေတွေ ပြော

မွန်ပြည်နယ်က အကျဥ်းထောင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (၁၀၀) ကျော် ရှိနေပြီး အကျဥ်းသား (၂) ဦး သေဆုံးခဲ့တယ်လို့ ဖမ်းဆီးထံထားရသူတွေကို ကူညီနေတဲ့ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။

ကိုဗစ်နှင့် သေဆုံးခဲ့တဲ့ အကျဥ်းသား (၂) ဦးဟာ မည်သူ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့ အကျဥ်းသားတွေကို ထောင်တွင်းဆရာဝန်နဲ့ပဲ ကုသနေတယ်လို့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

"ထောင်အတွင်းမှာ ကိုဗစ်ဖြစ်ပွား နေတယ်လို့တော့ ကြားထားတယ်၊ လက်ရှိဆိုရင် (၁၀၀) ကျော်လောက်တော့ ရှိမှာပေါ့၊ သေဆုံးတာ ဆိုရင်လည်း (၂)ယောက်လောက် ရှိတယ်လို့တော့ ကြားတယ်၊ ထောင်တွေမှာ ထောင်ဆရာဝန်တွေ ရှိတယ်ဆိုတော့ အဲ့ဒီမှာပဲ ကုနေတယ် လို့တော့ သိရတာပေါ့"လို့ အကျဥ်းသားတွေကို ကူညီနေတဲ့ရှေ့နေတစ်ဦးက ဆိုပါတယ်။

ဒါပေမယ့် မွန်ပြည်နယ် အကျဥ်းဦးစီးဌာနကတော့ ထောင်တွင်းမှာ ကိုဗစ် ကူးစက်ခံထားရသူတွေ မရှိဘူးလို့ ငြင်းဆိုပါတယ်။

"ထောင်တွေမှာ ကိုဗစ်ဖြစ်ပွားမှု လောလောဆယ် မရှိပါဘူး ခင်ဗျ၊ တစ်ယောက်မှလည်း သေဆုံးတာ မရှိပါဘူး၊ (၁၀၀) ကျော်လည်း ဖြစ်ပွားတာ မရှိပါဘူး၊ တခြားရောဂါတော့ ဟိုတစ်လောက တုပ်ကွေးဖြစ်တာတော့ ရှိတာပေါ့၊ အခုတောင် အကုန်လုံးက အကောင်းကြီး ပဲလေ၊ ဖြစ်ပွားလို့ ရှိရင်လည်း ကုသပေးဖို့ Quaeantine ဆောင်တို့ ဘာတို့က အသင့်လုပ်ထားပြီးသားပါဗျ၊ ကုသဖို့အတွက်က ထောင်ဆရာဝန်တွေတော့ ရှိတာပေါ့" လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းမှာ အကျဥ်းကျခံနေရသူ (၃၀၀၀) နီးပါးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပြီး တုပ်ကွေးရောဂါဖြစ်နေတဲ့ အကျဥ်သား အချို့ကိုတော့ ကာကွယ်ဆေး မထိုးပေးရသေးဘူးလို့ အကျဥ်းဦးစီးဌာနက သံလွင်တိုင်းမ်ကို ပြောဆိုခဲ့ပါတယ်။

မွန်ပြည်နယ်မှာတော့ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကျောက်ထုတ်စခန်းနဲ့ စိုက်ပျိုးစခန်း စုစုပေါင်း (၁၀) ခုရှိပြီး အကျဉ်းသူ၊ အကျဉ်းသားနဲ့ အချုပ်သူ၊ အချုပ်သားပေါင်း (၃၁၄၀) ဦး ရှိပါတယ်။

 
 

 

 

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...