မူဆယ်မြို့နယ် (၁၉) ရွာအုပ်စု ရေကြီးရေလျှံမှုဖြစ်

မူဆယ်မြို့နယ် (၁၉) ရွာအုပ်စု ရေကြီးရေလျှံမှုဖြစ်

သျှမ်းမြောက် မူဆယ်မြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေလီမြစ်ဘေးရှိ ရှမ်းရွာ (၁၉) ရွာအုပ်စု ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၉ ရက် (ယနေ့) တွင် မူဆယ်မြို့နယ်ရှိ ရွှေလီမြစ် (နမ့်မောဝ်း) ရေးမြင့်တက်ပြီး မြေနိမ့်ပိုင်းကျေးရွာများ ရေဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက် ရွှေလီမြစ်ရေမြင့်တက်လာပြီး တိန်းလုံရွာ အရှေ့ဘက် (၁၉ ရွာအုပ်စု အနောက်ဘက်) ထိ ရေတွေတက်လာပြီး ရေကြီးရေလျှံမှုဖြစ်ခဲ့တယ်၊ မနေ့ကလည်း နမ့်ပို့ချောင်းရေလျှံပြီး ပန်ခမ်း၊ နောင်ယန်းရွာထိ ရေတွေ ဝင်ရောက်ခဲ့သေးတယ်” ဟု မူဆယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့မနက်တွင် မူဆယ်မြို့နယ် (၁၉) ရွာအုပ်စု မန်အွယ်ရွာရှိ စားသောက်ဆိုင်များတွင်လည်း ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ၄ ရက်၊ ၅ ရက် ဆက်တိုက် မိုးရွာသွန်းသည့်အပြင် တရုတ်ဘက်မှလည်း ဆည်ရေဖောက်ချမှုကြောင့် မြစ်ရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“တရုတ်ဘက်ကနေ ရွှေလီဆည်ရေကို ဖွင့်ချမှာဖြစ်လို့ အနိမ့်ပိုင်းနေတဲ့သူတွေ စိုးရိမ်ရတယ်ဆိုပြီး မနေ့က ပန်ခမ်းက တာဝန်ရှိသူတွေကို မူဆယ်က အုပ်ချုပ်ရေးတာဝန်ရှိသူတွေ လာပြီးအသိပေးထားတယ်” ဟု ၎င်းဒေသခံက ဆိုသည်။

ထိုဒေသရှိ တချို့နေရာများတွင် နမ့်ပို့ချောင်းရေ ပြန်ကျသွားသော်လည်း ဒေသခံများ၏ လယ်ထဲတွင် ရေဝင်နစ်မြုပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...