ဟုမ္မလင်းမြို့နယ်တွင် ဩဂုတ်လဝက်အတွင်း Covid-19 ကူးစက်မှု (၅၄၈) ဦးထိရှိပြီး (၂၃) ဦးသေဆုံး

ဟုမ္မလင်းမြို့နယ်တွင် ဩဂုတ်လဝက်အတွင်း Covid-19 ကူးစက်မှု (၅၄၈) ဦးထိရှိပြီး (၂၃) ဦးသေဆုံး
Photo Credit - Sai. Nyaing Kyaw/Facebook
Photo Credit - Sai. Nyaing Kyaw/Facebook

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ယခုဩဂုတ် လဝက်အတွင်း ကူးစက်မှု (၅၄၈) ဦးထိရှိပြီး (၂၃) ဦး သေဆုံးထားကြောင်း မြို့နယ် ကိုဗစ်ကော်မတီကထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ယနေ့ ဩဂုတ်လ (၁၈) ရက်နေ့တွင်လည်း Covid-19 စစ်ဆေးသူ (၂၂) ဦးတွင် (၁၁) ဦးထိ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ည ထုတ်ပြန်သည့် စာရင်းများအရ ဟုမ္မလင်းမြို့နယ်တွင် ကူးစက်သူစုစုပေါင်း (၁၅၈၀) ဦးထိရှိနေပြီး သေဆုံးသူ (၇၂) ဦးထိရှိကြောင်း  သိရသည်။

ကူးစက်မှုမြင့်တက်လာခြင်းသည် ကိုဗစ်ရောဂါပိုး၏ မျိုးရိုးဗီဇများနှင့် သက်ဆိုင်မှုများရှိသကဲ့သို့ ဟုမ္မလင်းမြို့နယ်အတွင်း ရွှေမှော်ဒေသများတွင် ကူးသန်းသွားလာမှု များပြားခြင်းကြောင့်လည်း ထိန်းချုပ်ရန် ခက်ခဲခြင်းဖြစ်သည်ဟု ပရိဟိတလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

Covid-19 ရောဂါပိုး စစ်ဆေးမှုများကို ဟုမ္မလင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ချင်းတွင်းဥရု ရှမ်းနီလူငယ်ကွန်ရက်တို့မှ ဆောင်ရွက်ကြခြင်းဖြစ်သည်။

ဟုမ္မလင်းမြို့နယ်ကို စစ်ကောင်စီက Covid-19 ‌ရောဂါပိုးအတည်ပြုလူနာ (၂၆၅) ဦးထိရှိလာခဲ့ပြီးနောက် Stay at Home မြို့နယ်အဖြစ် ဇူလိုင်လ (၂) ရက်နေ့ညတွင် ကြေညာခဲ့သည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...