ပစ်ခတ်ခံရသော စစ်ကောင်စီသင်္ဘောတစ်စီး ရွှေကူမြို့သို့ရောက်လာ

ပစ်ခတ်ခံရသော စစ်ကောင်စီသင်္ဘောတစ်စီး ရွှေကူမြို့သို့ရောက်လာ

ရွှေကူမြို့အဝင်တွင် ပစ်ခတ်ခံရသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်သင်္ဘောတစ်စီး ယနေ့ ညနေ ၄ နာရီခွဲဝန်းကျင်တွင် ရွှေကူမြို့ သင်္ဘောဆိပ်သို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ကသာမြို့မှ ရွှေကူဘက်သို့ ဆန်တက်လာသောအဆိုပါ စစ်ရိက္ခာသယ် သင်္ဘောတစ်စီးကို ရွှေကူမြို့အဝင် ကျေးရွာတစ်ခုအနီးတွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့  ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ဒီ ရွှေကူမြို့အဝင် ကျေးရွာတစ်ခုမှာ စောင့်ပြီးသွားပစ်တယ်လို့ သိရတယ်။ ပစ်ခတ်တဲ့သင်္ဘောကို မှန်သွားတယ်လို့ပြောတယ်။ ဒါပေမယ့် အဲ့သင်္ဘောက အခု ရွှေကူသင်္ဘောဆိပ်မှာ ပြန်ရောက်နေပြီ။ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရဘူး” ဟု ပြောဆိုသည်။

ပစ်ခတ်ခံရသည့် သင်္ဘောမှာ ပဒိုင်းအမည်ရှိပြီး ဗန်းမော်မြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားနိုင်ဖွယ်ရှိကြောင်း အဆိုပါဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ကသာမှ ဆန်တက်လာသော စစ်ကောင်စီသင်္ဘောကို KIA က ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးငယ်ပစ်ကာ ရွှေကူသို့ ရောက်လာခဲ့သည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...