ပစ်ခတ်ခံရသော စစ်ကောင်စီသင်္ဘောတစ်စီး ရွှေကူမြို့သို့ရောက်လာ

ပစ်ခတ်ခံရသော စစ်ကောင်စီသင်္ဘောတစ်စီး ရွှေကူမြို့သို့ရောက်လာ

ရွှေကူမြို့အဝင်တွင် ပစ်ခတ်ခံရသည့် အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်သင်္ဘောတစ်စီး ယနေ့ ညနေ ၄ နာရီခွဲဝန်းကျင်တွင် ရွှေကူမြို့ သင်္ဘောဆိပ်သို့ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ကသာမြို့မှ ရွှေကူဘက်သို့ ဆန်တက်လာသောအဆိုပါ စစ်ရိက္ခာသယ် သင်္ဘောတစ်စီးကို ရွှေကူမြို့အဝင် ကျေးရွာတစ်ခုအနီးတွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့  ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ဒီ ရွှေကူမြို့အဝင် ကျေးရွာတစ်ခုမှာ စောင့်ပြီးသွားပစ်တယ်လို့ သိရတယ်။ ပစ်ခတ်တဲ့သင်္ဘောကို မှန်သွားတယ်လို့ပြောတယ်။ ဒါပေမယ့် အဲ့သင်္ဘောက အခု ရွှေကူသင်္ဘောဆိပ်မှာ ပြန်ရောက်နေပြီ။ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရဘူး” ဟု ပြောဆိုသည်။

ပစ်ခတ်ခံရသည့် သင်္ဘောမှာ ပဒိုင်းအမည်ရှိပြီး ဗန်းမော်မြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားနိုင်ဖွယ်ရှိကြောင်း အဆိုပါဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ကသာမှ ဆန်တက်လာသော စစ်ကောင်စီသင်္ဘောကို KIA က ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးငယ်ပစ်ကာ ရွှေကူသို့ ရောက်လာခဲ့သည်။

 
 

 

 

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...