KNU တပ်မဟာ (၅) တွင် ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၅၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၃၄ ဦးကျဆုံး

KNU တပ်မဟာ (၅) တွင် ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၅၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၃၄ ဦးကျဆုံး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေ (မူတြော်ခရိုင်) တွင် ဩဂုတ်လ ၁ ရက်မှ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များကြား တိုက်ပွဲပေါင်း ၅၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၃၄ ဦး ကျဆုံးခဲ့သည်ဟု KNU တပ်မဟာ (၅) က ဩဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA တပ်မဟာ (၅) ဘက်မှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး ၈၈ လုံးနှင့် လက်နက်ငယ်ပေါင်း ၁၅၀၀ လုံး ပစ်ခတ်ခဲ့ပြီး ဒေသခံလူထုနေထိုင်သည့်ကျေးရွာနှင့် လုပ်ကိုင်စားသောက်သည့် ဥယျာဉ်ခြံနေရာများသို့ လက်နက် ကြီးများ ကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံ ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ကေအဲန်ယူ တပ်မဟာ (၅) ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာသည့်အပြင် တပ်အင်အား၊ လက်နက်အင်အားနှင့် စားနပ်ရိက္ခာများကိုလည်း ထပ်မံဖြည့်တင်းလာသည့်အတွက် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် နေ့စဉ်လိုလို ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု KNU တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ဂျက်လေယာဉ်တစ်စင်း KNU တပ်မဟာ (၅) ၏ ဌာနချုပ်ရှိရာ အနီးအနား ပတ်ဝန်းကျင်တွင် လာရောက်ပျံဝဲခဲ့သေးသည်ဟု KNU ဘက်က ပြောသည်။

KNU တပ်မဟာ (၅) ၏ လစဉ်ထုတ်ပြန်ချက်အရ ယခင်လ ဇူလိုင်လတွင် ၎င်းတို့နယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၃၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်တစ်ဦးအပါအဝင် ၆၅ ဦးကျဆုံး၊ ၁၀၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး KNLA တပ်မဟာ (၅) ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

လတ်တလောတွင် KNU တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီဘက်မှ စစ်အင်အား ပိုမိုတိုးချဲ့လာမှုနှင့် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသကဲ့သို့ တပ်မဟာ (၁) နှင့် တပ်မဟာ (၂) ဘက်တွင်လည်း အလားတူ တပ်အင်အားတိုးချဲ့မှုနှင့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာသည့်အတွက် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု သိရှိရသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...