ကောလင်းမြို့ပေါ်ရပ်ကွက်များကို Covid19 ကြောင့် သွားလာခွင့်ကန့်သတ်ပိတ်ပင်ထား

ကောလင်းမြို့ပေါ်ရပ်ကွက်များကို Covid19 ကြောင့် သွားလာခွင့်ကန့်သတ်ပိတ်ပင်ထား

ကောလင်းမြို့ပေါ်ရပ်ကွက် (၈) ခုကို ဩဂုတ်လ (၁၁) ရက်မှစပြီး (၂၄) ရက်နေ့အထိ သွားလာခွင့်ကို နံနက် ၄ နာရီ မှ ၁၂ နာရီအထိသာ ခွင့်ပြုထားပြီး ကျန်သည့်အချိန်များကို သွားလာခွင့်ကန့်သတ်ထားကြောင်း သိရသည်။

ကောလင်းမြို့ကို တစ်ရက် (၈) နာရီသာ ဝင်ထွက်သွားလာခွင့်ပြုထားပြီး ကျန်သည့်အချိန်များတွင် ကျန်းမာရေးကိစ္စနှင့် အသုဘကိစ္စရပ်များအတွက်သာ ခွင့်ပြုကြောင်း ဒေသခံများကပြောသည်။

သွားလာခွင့်ကန့်သတ်ထားသည့်အချိန်တွင် သွားလာသူများကိုအရေးယူရန်အတွက် စစ်ကောင်စီတပ်များကို အစောင့်ချထားကြောင်း ဒေသခံများထံမှ သိရသည်။

ကောလင်းမြို့ထွေအုပ်က ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာတွင် သွားလာကန့်သတ်မှု စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက  ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမည်ဟု ဆိုထားသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...