ကောလင်းမြို့ပေါ်ရပ်ကွက်များကို Covid19 ကြောင့် သွားလာခွင့်ကန့်သတ်ပိတ်ပင်ထား

ကောလင်းမြို့ပေါ်ရပ်ကွက်များကို Covid19 ကြောင့် သွားလာခွင့်ကန့်သတ်ပိတ်ပင်ထား

ကောလင်းမြို့ပေါ်ရပ်ကွက် (၈) ခုကို ဩဂုတ်လ (၁၁) ရက်မှစပြီး (၂၄) ရက်နေ့အထိ သွားလာခွင့်ကို နံနက် ၄ နာရီ မှ ၁၂ နာရီအထိသာ ခွင့်ပြုထားပြီး ကျန်သည့်အချိန်များကို သွားလာခွင့်ကန့်သတ်ထားကြောင်း သိရသည်။

ကောလင်းမြို့ကို တစ်ရက် (၈) နာရီသာ ဝင်ထွက်သွားလာခွင့်ပြုထားပြီး ကျန်သည့်အချိန်များတွင် ကျန်းမာရေးကိစ္စနှင့် အသုဘကိစ္စရပ်များအတွက်သာ ခွင့်ပြုကြောင်း ဒေသခံများကပြောသည်။

သွားလာခွင့်ကန့်သတ်ထားသည့်အချိန်တွင် သွားလာသူများကိုအရေးယူရန်အတွက် စစ်ကောင်စီတပ်များကို အစောင့်ချထားကြောင်း ဒေသခံများထံမှ သိရသည်။

ကောလင်းမြို့ထွေအုပ်က ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာတွင် သွားလာကန့်သတ်မှု စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက  ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမည်ဟု ဆိုထားသည်။

 
 

 

 

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...