ကိုဗစ်ကူးစက်မှုလျော့ကျလာသော်လည်း သေဆုံးမှု နေ့စဉ်ရှိနေဆဲ

ကိုဗစ်ကူးစက်မှုလျော့ကျလာသော်လည်း သေဆုံးမှု နေ့စဉ်ရှိနေဆဲ
TCL-Covid-deadbodyPhoto – တာချီလိတ်နာရေးကူညီမှုအသင်း – တာချီလိတ်တွင် ကိုဗစ်ကြောင့်သေဆုံးသူအလောင်းအား ပရဟိတအဖွဲ့က ပို့ဆောင်သဂြိုဟ်ပေးနေစဉ်.
TCL-Covid-deadbodyPhoto – တာချီလိတ်နာရေးကူညီမှုအသင်း – တာချီလိတ်တွင် ကိုဗစ်ကြောင့်သေဆုံးသူအလောင်းအား ပရဟိတအဖွဲ့က ပို့ဆောင်သဂြိုဟ်ပေးနေစဉ်.

သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းလျော့ကျလာသော်လည်း သေဆုံးမှုနှုန်းက နေ့စဉ်အလိုက် ရှိနေသေးကြောင်း သျှမ်းပြည်နယ်တဝှမ်းရှိ လူမှုကူညီရေးအသင်း ပရဟိတအဖွဲ့များက ပြောသည်။

ယနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်းအချိန်တွင် တောင်ကြီးမြို့တွင် (၂) ဦး၊ ကျောက်မဲမြို့တွင် (၂) ဦး၊ မူဆယ်မြို့တွင် (၂) ဦး စသည့်ဒေသများတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားရကြောင်း သက်ဆိုင်ရာမြို့နယ် ပရဟိတအဖွဲ့များက ပြောသည်။

ထိုသို့သေဆုံးသူများသည် အသက်ကြီးပိုင်းများနှင့် ယခင်က ရောဂါအခံရှိသူများဖြစ်ကြောင်းသိ၇သည်။

“ကျနော်တို့ ဒီနေ့မနက်ဆုံးသွားတာ အသက်ကြီးပိုင်းတွေပါ။ တစ်ယောက်က (၅၂) နှစ် တယောက်က ၇၅ နှစ်တို့ဆုံးသွားလို့ ကျနော်တို့ ဒီနေ့မနက်ဘဲသွားပို့လာရသေးတယ်” ဟု တောင်ကြီးမြို့ပရဟိတ ကိုဝင်းနိုင်စိုးက ပြောသည်။

ထိုသို့ ကိုဗစ်-၁၉ ပိုးတွေလူနာ လျော့ကျလာသော်လည်း ပြည်သူများအနေဖြင့် လက်ရှိအခြေနေကို ဆက်လက်ထိန်းသိမ်းသွားရန်လိုအပ်ကြောင်း သျှမ်းပြည်တဝှမ်းရှိ ပရဟိတ အဖွဲ့များက ပြောသည်။

“အခုကိုဗစ်ပိုးကူးစက်ခံရသူကတော့ လျော့ကျလာတယ်လို့တော့ ပြောလို့ရတယ်။ ဒီလိုမျိုး အခြေနေတွေကို ကျနော်တို့ပြည်သူတွေက ဆက်ပြီးထိန်းထားဖို့လိုအပ်တယ်။ အဓိကတော့ လော့ဒေါင်းချထားတဲ့ အတွက်ကြောင့်ပေါ့။ အဲကြောင့်ဘဲ သိပ်မကူးစက်တော့တာ။ ပြီးတော့ မလိုအပ်ဘဲမထွက်ကြလို့ လျော့ချနိုင်တာ။ ဒီခြေနေကို ဆက်လက်ထိန်းထားဖို့ပြောချင်ပါတယ်” ဟု သျှမ်းပြည်တဝှမ်းရှိ ပရဟိတအဖွဲ့များက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ဇွန်လဆန်းပိုင်က စတင်ပြန့်ပွားခဲ့ပြီး ပြည်သူများ ထောင်ချီသေဆုံးခဲ့ရကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...