ကျိုက်မရောမြို့နယ်က ရေကြီးခဲ့တဲ့ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ကျိုက်မရောမြို့နယ်က ရေကြီးခဲ့တဲ့ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာတချို့မှာ ရေပြန်ကျသွားပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကျိုက်မရောမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်မရောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ငပြေမ၊ ဦးလေ၊ ဖာသိမ်ကမ်းနား၊ ပေါလောနဲ့ ကွမ်ငန်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၈ ရွာ‌ေလာက်မှာ ရေကြီးနစ်မြုပ်ခဲ့တာပါ။

လက်ရှိ ကျေးရွာတွေမှာ ရေကြီးမှုနဲ့အတူ ကိုဗစ်ကပ်ရောဂါတွေပါ ဖြစ်လာတဲ့အတွက် ဆေးဝါးတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကျိုက်မရောမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ အဓိက ရေကြီးမှုနဲ့တွဲပြီး ဖြစ်ပေါ်နေတဲ့ ကိုဗစ်ပေါ့နော်၊ ကိုဗစ်နဲ့ တချို့ရွာက ကျန်းမာရေးအသိနည်းပါးတာက တစ်ပိုင်းပေါ့၊ သူတို့နည်းသူတို့ဟန်နဲ့ ကုတာက တစ်ပိုင်းပေါ့၊ လက်ရှိ ကျေးရွာတစ်ရွာမှာ အနည်းဆုံး ကိုဗစ်ဖြစ်တဲ့သူ (၂၀) ရာခိုင်နှုန်းလောက် ရှိနေတယ်၊ ဒါတွေ ရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွေ လိုတယ်၊ အဲ့တာတွေလိုတော့ ဆေးဝါးတွေဘာတွေတော့ လိုအပ်နေသေးတယ်ပေါ့" လို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် ရေကြီးခဲ့တဲ့ ကျေးရွာတွေမှာ ရေကျပေမယ့် ဒူးလောက်ထိ ရေကျန်တဲ့ရွာတွေ ရှိနေသေးကြောင်း၊ အခုလိုရှိနေသေးတဲ့အတွက် သွားရေးလာရေးမှာ အခက်အခဲရှိကြောင်းနဲ့ ကျေးရွာတွေမှာ ကျန်းမာရေးမကောင်းရင် မြို့ပေါ်တက်ကုသဖို့ အခက်အခဲရှိတယ်လို့ သိရပါတယ်။

ကျိုက်မရောမြို့နယ်မှာ ရေကြီးရေလျှံမှုဖြစ်ပွားစဉ် ရေဘေးသင့် အိမ်ခြေ (၁၀၀၀) ကျော်ရှိခဲ့ပြီး တချို့တွေကို နေရာပြောင်းရွေးပေးခဲ့ရကာ လက်ရှိမှာတော့ အားလုံး မိမိတို့နေအိမ်တွေမှာ ပြန်လည်နေထိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

 
 

 

 

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...