ကိုဗစ်ကို မထိန်းချုပ်နိုင်သေးဘူးလို့ စစ်ကောင်စီဝန်ခံ၊ ကိုဗစ်ရောဂါနဲ့အတူ ယှဉ်တွဲနေထိုင်ရမယ်လို့ဆို

ကိုဗစ်ကို မထိန်းချုပ်နိုင်သေးဘူးလို့ စစ်ကောင်စီဝန်ခံ၊ ကိုဗစ်ရောဂါနဲ့အတူ ယှဉ်တွဲနေထိုင်ရမယ်လို့ဆို

မွန်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကို လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ စစ်ကောင်စီ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

အခုအခါ မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်စလုံးမှာ ကိုဗစ်အတည်ပြုလူနာတွေ နေ့စဉ်နဲ့အမျှ တွေ့ရှိနေဆဲဖြစ်သလို ကိုဗစ်အတည်ပြုလူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ပေးအပ်နိုင်ခြင်းမရှိသေးဘူး စစ်ကောင်စီဘက်က ဝန်ခံထားပါတယ်။

"လက်ရှိကတော့ အပြည့်အဝ ထိန်းချုပ်လို့ မရသေးဘူးပေါ့၊ ကိုဗစ်ကတော့ တောက်လျှောက်ဖြစ်နေတာဆိုတော့ အတူယှဉ်တွဲတဲ့နည်းနဲ့ သွားရမယ့်သဘောရှိတယ်" လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားမှုအနေဖြင့် မော်လမြိုင်မြို့နယ်က ကိုဗစ်အတည်ပြုလူနာ ၂၀၀၀ ကျော်နဲ့ အများဆုံးတွေ့ရှိထားသလို သံဖြူဇရပ်မြို့နယ်က ၁၅၀၀ ကျော်နဲ့ ဒုတိယအများဆုံး ရောဂါကူးစက်ခံထားရပါတယ်။

သေဆုံးမှုအနေနဲ့ မော်လမြိုင်မြို့နယ်က သေဆုံးသူ ၄၀၀ ကျော်၊ ပေါင်မြို့နယ်က ၁၀၀ ကျော်၊ သံဖြူဇရပ်မြို့နယ်က ၉၀ ကျော်နဲ့ အများဆုံး သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်တစ်ခုလုံးအနေနဲ့ ဇွန်လ ၁ ရက်နေ့က သြဂုတ် ၁၆ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၁၀၀၀၀ ကျော် တွေ့ရှိထားပြီး အဲဒီထဲမှာ သေဆုံးသူ ၁၃၀၀ ကျော်ရှိတယ်လို့ ဆိုထားပါတယ်။

 
 

 

 

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...