သံဖြူဇရပ်က ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်ဖို့ စစ်ကောင်စီပြင်ဆင်နေ

သံဖြူဇရပ်က ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်ဖို့ စစ်ကောင်စီပြင်ဆင်နေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာရှိ မိန်ဘလာတောင်က ဂျပန်ခေတ် လက်ကျန်ရတနာပစ္စည်းတွေကို ပြန်လည်တူးဖော်ဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်နယ်စီမံချုပ်ရေးကောင်စီက ပြင်ဆင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ရတနာပစ္စည်းတူးဖော်ဖို့အတွက် ဥတ္တရမြေကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအေးမင်းက တူးဖော်ခွင့်ပေးဖို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကို တင်ပြလာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကုမ္ပဏီကို တူးဖော်ခွင့်ပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ပြုလုပ်တဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်ချမှတ်ခဲ့ကြောင်း စစ်ကောင်စီထံ ပြန်လည်တင်ပြထားတဲ့ လျှို့ဝှက်စာတစ်စောင်ကို သံလွင်တိုင်းမ်က လက်ခံရရှိထားပါတယ်။

ဒီစာမှာတော့ ကုမ္ပဏီအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးနဲ့ ဒေသခံလူထုထိခိုက်မှု မရှိစေရေးအတွက် တာဝန်ခံရမယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ဥတ္တရမြေကုမ္ပဏီဟာ မိန်ဘလာတောင်က ရော်ဘာခြံမြေ တစ်ဧကကို ဝယ်ယူပြီး တူးဖော်ရေးစီမံကိန်းအတွက် လမ်းတွေ စတင် ဖောက်လုပ်နေပြီးလို့ ဒေသခံတွေက ပြောပါတယ်။

“ကုမ္ပဏီဘက်ကတော့ လုပ်ငန်းအတွက် လမ်းတွေ စဖောက်နေတယ်၊မိုးတွင်းဆိုတော့ မြေပြိုတာတို့ ပတ်ဝန်ကျင်းထိခိုက်လာမှာ စိုးရိမ်နေရပါတယ်” လို့ သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာဒေသခံတစ်ဦးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက လက်ရှိအချိန်ထိ စီမံကိန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဒေသခံတွေကို ချပြခြင်း မရှိသေးပါဘူး။

ဒီဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်း တူးဖော်ခွင့်ကို NLD အစိုးရလက်ထက်က Royal Eagle Myanmar ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးအပ်ခဲ့ပြီး၊ အထောက်အထားတစ်စုံတစ်ရာ မတွေ့လို့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ လုပ်ကိုင်ခွင့် ပြန်လည်ရပ်ဆိုင်းခဲ့ပါတယ်။

အဲစီမံကိန်းကြောင့် ကျန်ရှိခဲ့တဲ့ မြေကျင်းရေကန်မှာ ကလေးငယ် ၃ ဦးနဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးထားပါတယ်။

 
 

 

 

Most read this week

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...