မွန်ပြည်နယ်မှာ လဝက်အတွင်း ကိုဗစ်လူနာ သေဆုံးသူ ၃၈၁ ဦးရှိကြောင်း စစ်ကောင်စီထုတ်ပြန်၊ မြေပြင်မှာ ဒီထက်အများကြီးပိုနိုင်

မွန်ပြည်နယ်မှာ လဝက်အတွင်း ကိုဗစ်လူနာ သေဆုံးသူ ၃၈၁ ဦးရှိကြောင်း စစ်ကောင်စီထုတ်ပြန်၊ မြေပြင်မှာ ဒီထက်အများကြီးပိုနိုင်

မွန်ပြည်နယ်မှာ Covid–19 ကူးစက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သြဂုတ်လ ၁  ရက်မှ ၁၅ ရက်အတွင်း ဓါတ်ခွဲအတည်ပြုလူနာ ၂၈၄၂ ဦးရှိခဲ့ပြီး၊ ဓါတ်ခွဲအတည်ပြုလူနာ ၃၈၁ ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလအတွင်းမှာ ဓါတ်ခွဲအတည်ပြုလူနာ အများဆုံးတွေ့ရှိရတဲ့ မြို့နယ်က ရေးမြို့နယ်ဖြစ်ပြီးတော့ ဓါတ်ခွဲအတည်ပြုလူနာ ၅၇၀ ဦးထိတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။

ဓါတ်ခွဲအတည်ပြုလူနာဒုတိယနဲ့ တတိယအများဆုံးတွေ့ရှိခဲ့တဲ့ မြို့နယ်တွေက ချောင်းဆုံမြို့နယ်နဲ့ မော်လမြိုင်မြို့နယ်တို့ဖြစ်ကြပြီး၊ ချောင်းဆုံမြို့နယ်မှာ ၃၆၂ ဦးနဲ့ မော်လမြိုင်မြို့နယ်မှာ ဓါတ်ခွဲအတည်ပြုလူနာ ၂၉၅ ဦးအထိ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မော်လမြိုင်မြို့နယ်အတွင်းမှာ တွေ့ရှိခဲ့တဲ့ ဓါတ်ခွဲအတည်ပြုလူနာစာရင်းမှာ ပြည်တော်ပြန် ၆၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဒါအပြင် အခုလအတွင်း ဓါတ်ခွဲအတည်ပြုလူနာသေဆုံးမှု အများဆုံးမြို့နယ်ကတော့ မော်လမြိုင်မြို့နယ်ဖြစ်ပြီး၊ ဓါတ်ခွဲအတည်ပြုလူနာ ၁၀၀ ဦးထိ သေဆုံးခဲ့ပါတယ်။

အလားတူ ကျိုက်ထိုမြို့နယ်မှာ ၁၂ ဦး၊ ဘီးလင်းမြို့နယ်မှာ ၂၆ ဦး၊ သထုံမြို့နယ်မှာ ၂၀ ဦး၊ ပေါင်မြို့နယ်မှာ ၅၂ ဦး၊ ကျိုက်မရောမြို့နယ်မှာ ၃၆ ဦး၊ ချောင်းဆုံမြို့နယ်မှာ ၃၃ ဦး၊ မုဒုံမြို့နယ်မှာ ၂၇ ဦး၊ သံဖြူဇရပ်မြို့နယ်မှာ ၃၉ ဦးနဲ့ ရေးမြို့နယ်အတွင်းမှာ ၃၆ ဦး၊ စုစုပေါင်း ၃၈၁ ဦးအထိ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေက ဆေးရုံတွေ၊ Isolation Ward တွေက သေဆုံးတဲ့လူနာတွေရဲ့ စာရင်းဖြစ်ပြီးတော့၊ နေအိမ်တွေမှာ သံသယလူနာသေဆုံးမှုတွေလည်း နေ့စဉ်ရှိနေတဲ့အတွက် သေဆုံးမှုစာရင်းက ဒီထက်များကြီး ပိုနိုင်တယ်လို့ Covid အရေးဆောင်ရွက်ပေးနေကြတဲ့ ပရဟိတအဖွဲ့တွေက သုံးသပ်ပါတယ်။

ပြီးခဲတဲ့ ဇွန်လ ၂၈ ရက်ကနေ သြဂုတ်လ ၁၅ ရက်အထိကို မွန်ပြည်နယ်အတွင်းမှာ ဓါတ်ခွဲအတည်ပြုလူနာ ၉၆၀၀ ကျော်ရှိခဲ့ပြီး၊ ဓါတ်ခွဲအတည်ပြုလူနာ ၁၃၁၅ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 
 

 

 

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...