တက္ကသိုလ်အောင်စာရင်းထုတ်ပြန်ဖို့ စစ်ကောင်စီဖိအားပေး၊ အဖြေလွှာတွေကို မအောင်မနေရ စစ်ခိုင်းခဲ့

တက္ကသိုလ်အောင်စာရင်းထုတ်ပြန်ဖို့ စစ်ကောင်စီဖိအားပေး၊ အဖြေလွှာတွေကို မအောင်မနေရ စစ်ခိုင်းခဲ့

မော်လမြိုင်တက္ကသိုလ် အောင်စာရင်းထုတ်ပြန်ဖို့ အာဏာသိမ်းစစ်ကောင်စီက သြဂုတ် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အောင်စာရင်းတွေပေးပို့ကြဖို့ ဖိအားပေးတောင်းဆိုလာတယ်လို့ မော်လမြိုင်တက္ကသိုလ် Non CDM ဆရာ၊ ဆရာမတွေထံက သိရပါတယ်။

ဒီတက္ကသိုလ်အောင်စာရင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မရမကဖွင့်လှစ်ခဲ့တဲ့ ပါရဂူဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေအတွက် ထုတ်ပြန်မယ့် အောင်စာရင်းလည်း ဖြစ်ပါတယ်။

"အခုက အောင်စာရင်းတွေကို သြဂုတ် (၁၅) ရက်နေ့ နောက်ဆုံးတောင်းလို့ တချို့ဆရာ၊ ဆရာမတွေ ပိတ်ရက်မှာ သွားလုပ်ပေးနေရတယ်" လို့ မော်လမြိုင်တက္ကသိုလ် Non CDM ဆရာမတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တက္ကသိုလ်ပြန်တက်တဲ့ ကျောင်းသားတွေရဲ့ အဖြေလွှာတွေကို မအောင်မနေရပုံစံမျိုး စစ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

"စာမေးပွဲဖြေပြီးကတည်းက လူကြီးတွေက အခုတက်တဲ့ ကျောင်းသား/ကျောင်းသူတွေကို စံနမူနာပုံစံထားနိုင်ဖို့အတွက် အကုန်လုံးကို မအောင်မနေရပုံစံ အဖြေလွှာတွေကို စစ်ခိုင်းခဲ့တာ၊ တချို့ဆို စာလေးပါယုံလောက်ပဲရှိတယ်၊ အဲ့တာကို အမှတ်တိုးပြီး အောင်ပေးလိုက်ရတာတွေရှိတယ်” မော်လမြိုင်တက္ကသိုလ် Non CDM ဆရာတစ်ဦးက ပြောပါတယ်။

မော်လမြိုင်တက္ကသိုလ်ကိုတော့ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသား ၄၀၀ ကျော် တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၂၀ ရာခိုင်နှုန်းလောက်သာ ကျောင်းပြန်တက်ခဲ့တာ ဖြစ်ပါတယ်။

မော်လမြိုင်တက္ကသိုလ် အောင်စာရင်းထုတ်ပြန်မယ့် ကိစ္စရပ်ကို မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က အသိမှတ်ပြုမှာမဟုတ်ဘူးလို့ သြဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 
 

 

 

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...