မိုင်းကိုင်ရောက် စစ်ရှောင် (၆၄) ဦး အစားအသောက်နှင့် ဆေးဝါးလိုအပ်

မိုင်းကိုင်ရောက် စစ်ရှောင် (၆၄) ဦး အစားအသောက်နှင့် ဆေးဝါးလိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုတွင် စစ်ရှောင် (၆၄) ဦး အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် (၁၁) ရက်နေ့က သီပေါမြို့နယ် နမ့်လန်ဒေသအနီးရှိ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မွေးကင်းစ ရက်သားကလေးအပါအဝင် ဒေသခံ (၃၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသအနီးတွင် သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ပန်လန့်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့်သူများ ဖြစ်သည်။

ထိုစစ်ရှောင် (၆၄) ဦးသည် ဝမ်စိမ်းကျေးရွာအုပ်စု နောင်ပိန်ရွာ၊ ဝမ်ကျောင်းရွာ ဒေသခံများဖြစ်ကြသည်။

“စားနပ်ရိကာတွေ အခင်းတွေ ဆေးဝါးတွေ လိုအပ်နေတယ်။ စောင်တွေ ခြင်ထောင်တွေကအစ မရခဲ့ဘူး။ သူတို့နေ့တဲ့နေရာနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာက နီးလို့ ထွက်ပြေးနေရတာပါ။ အခုချိန်ထိ စစ်ရေးတင်းမာနေတုန်းပဲ” ဟု စစ်ရှောင်ကူညီပေးနေသည့် ပရဟိတတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတပ် (၂) တပ်တိုက်ပွဲသည် သြဂုတ် (၁၄) ရက်ထိ ပစ်ခတ်သံကြားနေရပြီး၊ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေသဖြင့် စစ်ရှောင်များ နေရပ်မပြန်ရဲသေးကြောင်း ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိကာလသည် ကိုဗစ်-၁၉ ကူးစက်ပြန့်နှံမှု မြင့်တက်နေသည့်အတွက် တစ်မြို့နှင့်တစ်မြို့ သွားလာရန်လည်း ခက်ခဲကြောင်း သိရသည်။

သျှမ်းတပ် (၂) တပ် အချင်းချင်းတိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရပြီး၊ အခက်ခဲများစွာ ရင်ဆိုင်နေရကြောင်း တိုက်ပွဲများ ရပ်နားကြရန်လည်း ယနေ့ စစ်ရှောင်လာသည့် ပြည်သူများက ပြောဆိုလိုက်သည်။

သျှမ်းတပ် (၂) တပ်သည် ဇွန်လဆန်းပိုင်းကစတင်ကာ နယ်မြေအငြင်းပွားမှုပြဿနာဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး ထိုတိုက်ပွဲကြောင့် လယ်ယာလုပ်ငန်းကို စွန့်ခွာရပြီး စစ်ရှောင်နေရသဖြင့် နောင်နှစ်စားဝတ်နေရေးအတွက်လည်း စိုးရိမ်နေကြကကြောင်း သိရှိရသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲမဖြစ်ရန် သျှမ်းသံယာတော်များ၊ သျှမ်းပြည်သူများက အကြိမ်ကြိမ် တိုက်တွန်းပြောဆိုခဲ့သော်လည်း သျှမ်းတပ် (၂) တပ်သည် နားထောင်ခြင်းမရှိခဲ့ပေ။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...