ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စာသင်ကြားမှု ကိုဗစ်ကြောင့် ရပ်တန့်ရ

ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စာသင်ကြားမှု ကိုဗစ်ကြောင့် ရပ်တန့်ရ

ကရင်နီပြည်နယ်မှာ ဖြစ်ပွားလျက်ရှိတဲ့ တိုက်ပွဲများကြောင့် ပြည်သူအများအပြား ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ပညာသင်ကြားရမယ့် ကလေးသူငယ်အရွယ်များလည်း ပါဝင်နေတာဖြစ်ပြီး ၄င်းတို့ရဲ့ ပညာရေး နှောက်နှေးမသွားစေဖို့ ကြိုးစားပေမယ့်လည်း တစ်ချို့ကျေးရွာတွေမှာတော့ လက်ရှိဖြစ်ပွားနေတဲ့ covid ကပ်ရောဂါကြောင့် ရပ်တန့်လိုက်ရတယ်လို့ သိရပါတယ်။

"ဒီအခြေအနေကြောင့် ကျမတို့ကလေးတွေကို စာသင်ပေးမယ့်အစီအစဥ် ပျက်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရောဂါကြောင့်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် လူစုလူဝေးလည်း မနေရဘူး။ ပြီးတော့အဖွဲ့လိုက် လုပ်ရှားလိုမရလို့ အဲ့လိုပျက်သွားတာ ဖြစ်တယ်ပေါ့နော်" လို့ လိုဘာခိုကျေးရွာမှ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးက ပြောပါတယ်။

လိုဘာခိုကျေးရွာမှာတော့ ကျေးရွာအတွင်းမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးများအပြင် စစ်ရှောင်ပြည်သူထဲမှ ကလေးတွေကိုလည်း စာသင်ဖို့စီစဥ်ခဲ့ကြပြီး စုစုပေါင်း ကျောင်းသား/သူဦးရေ (၄၀၀) နီးပါးရှိကာ မှုလတန်းမှ အလယ်တန်းထိ သင်ကြားပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြိို့နယ် အနောက်ဖက်ခြမ်း ဟိုဝမ်အထက်ကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဂျွန်လတုန်းက တစ်လတာ ကလေးတွေကို စာသင်ကြားပေးခဲ့ပေမယ့်လည်း လိုအပ်ချက်အခက်အခဲများ ရှိနေတဲ့အတွက်ကြောင့် ဆက်မသင်ပေးဖြစ်ဘူးလို့ သိရပါတယ်။

မူလတန်းကနေ အထက်တန်းထိ စာသင်ကြားပေးခဲ့တာဖြစ်ပြီး စာသင်ချိန်တစ်လတာအတွက် ထောက်ပံ့ပေးမယ့်အဖွဲ့အစည်း ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အထောက်အပံ့ မရရှိတော့တဲ့အတွက် ဆက်သင်ကြားနိုင်ဖို့ ခက်ခဲသွားတာဖြစ်တယ်လို့ သိရပါတယ်။

"အရင်တုန်းက ဘုရားကျောင်းမှာသင်ပေးတယ်။ စာက (၄) ပတ်စာပဲရှိတယ်လေ။ သူတို့ထောက်ပံ့ပေးတဲ့ စာတွေပေါ့။ ပြီးတော့ အဲ့ဒီ (၄) ပတ် ပြီးတာနဲ့ ပိတ်ခဲ့ရတယ်။ စာအုပ်ကလည်း မလာတော့ဘူး။ နောက်တစ်သုတ်မလာတော့တဲ့ခါကျတော့ ပိတ်ခဲ့ရတယ်" လို့ ဟိုဝမ်အထက်ရွာမှ ဆရာမတစ်ဦးက ပြောပါတယ်။

စာသင်ချိန်ကာလမှာလည်း ကျောင်းသား၊ ကျောင်းသူ တစ်ရာကျော်အတွက် စာရေးခုံ၊ နေရာထိုင်ခင်း၊ စာရေးကိရိယာ၊ သင်ထောက်ကူပစည်းများနဲ့ ဆရာ/မ လုံလောက်မှုမရှိပဲ အဆင်ပြေသလိုသာ သင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် covid စည်းကမ်းနှင့်အညီသင်ကြားနိုင်ဖို့အတွက် လိုအပ်တဲ့ mask နှင့် လက်သန့်ဆေးရည်တွေလည်း လိုအပ်ချက်ရှိနေတယ်လို့ သင်ကြားပေးခဲ့တဲ့ စေတနာ့ဝန်ထမ်း ဆရာမတွေက ပြောပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...