အာဏာသိမ်းပြီးနောက် မြေဩဇာစျေး တစ်ဆကျော်မြင့်တက်မှုကြောင့် တောင်သူများ အခက်အခဲနှင့်ကြုံနေ

အာဏာသိမ်းပြီးနောက် မြေဩဇာစျေး တစ်ဆကျော်မြင့်တက်မှုကြောင့် တောင်သူများ အခက်အခဲနှင့်ကြုံနေ

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြေဩဇာစျေးနှုန်းများ တစ်ဆကျော်မြင့်တက်မှုကြောင့် တောင်သူများ အခက်ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။

“မနှစ်က တစ်အိတ်ကို သုံးသောင်း ဒီနှစ်က တစ်အိတ်ကို ခြောက်သောင်းတဲ့ မြေဩဇာက” ဟု အင်းတော်ကြီးဒေသက တောင်သူတစ်ဦးက ပြောသည်။

ထိုစျေးနှုန်းမြင့်တက်မှုကြောင့် တောင်သူတချို့ ဝယ်မသုံးနိုင်သည့် တောင်သူများရှိသလို၊ လျော့ပြီး အသုံးပြုရသူများလည်း ရှိလာခဲ့ကြောင်း သိရသည်။

“လယ်က ဆယ့်ငါးဧကရှိတယ်။ ဒါကို နှစ်ဆယ့်နှစ်လောက်ထည့်တယ်။ စပါးကတော့ တစ်ထောင်ကျော်လောက်ရတယ်။ ဒီနှစ်က တစ်ဝက်တောင် မထည့်နိုင်ဘူးဆိုတော့ ဘယ်လိုလာမလည်းမသိတော့ဘူး” ဟု အင်းတော်ကြီး အင်းမြှီးဒေသမှ တောင်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး (၃) လအထိ မြေဩဇာစျေးနှုန်းများက မူလအတိုင်း ရှိနေခဲ့သော်လည်း စပါးစိုက်ပျိုးရာသီ ရောက်သည့်အချိန်တွင် စျေးနှုန်း ရုတ်တရက်မြင့်တက်လာခဲ့ကြောင်း စျေးကွက်အတွင်း စုံစမ်းသိရှိရသည်။

စစ်တပ်က အာဏာသိမ်းမှုအပါအဝင် ကိုဗစ်-၁၉ ရောဂါကြောင့် လမ်းပန်းဆက်သွယ်ရေးတချို့ ပြတ်တောက်မှုများကြောင့် မြေဩဇာစျေးနှုန်း မြင့်တက်ကြသည်ဟု တောင်သူများက ပြောဆိုကြသည်။

ယခုနှစ်တွင် တောင်သူများလည်း ကုန်စျေးနှုန်းကြီးမြင့်မှု၊ ရာသီဥတုဖောက်ပြန်မှုများနှင့် ရင်ဆိုင်နေရပြီး စိုက်ပျိုးရေးချေးငွေလည်း မရရှိသူများစွာရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...