မုဒုံမြို့နယ်မှာ Mask မတပ်တဲ့သူ ၅၀၀ ကျော်ကို ဒဏ်ငွေရိုက် အရေးယူ

မုဒုံမြို့နယ်မှာ Mask မတပ်တဲ့သူ ၅၀၀ ကျော်ကို ဒဏ်ငွေရိုက် အရေးယူ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာတော့ သြဂုတ် ၁၂ ရက်နေ့က Mask မတပ်တဲ့သူ ၅၁၄ ဦးကို ဒဏ်ငွေရိုက် အရေးယူခဲ့တယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

နေအိမ်အပြင်ထွက်တိုင်း Mask မတပ်တဲ့သူတွေကို စစ်ကောင်စီ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က မုဒုံမြို့နယ်ရဲ့ လူစည်းကားရာနေရာတွေမှာ အဖွဲ့ ၅ ဖွဲ့ခွဲပြီး စစ်ဆေးအရေးယူခဲ့တာဖြစ်ပါတယ်။

“မုဒုံမှာ လမ်းသွားလမ်းလာတဲ့သူတွေ Mask တပ်တာ ရှိ/မရှိ စစ်ဆေးတာပါ။ Mask မတပ်တဲ့သူ ၅၀၀ ကျော် အရေးယူခဲ့တယ်” လို့ စစ်ကောင်စီ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ပါဝင်သူတစ်ဦးက ပြောပါတယ်။

နေအိမ်အပြင်ထွက်တိုင်း Mask မတပ်တဲ့သူတွေကိုတော့ တစ်ဦး ဒဏ်ငွေကျပ် ၅၀၀ နှုန်းနဲ့ ဒဏ်ရိုက်အရေးယူခဲ့တာ ဖြစ်ပါတယ်။

မုဒုံမြို့နယ်မှာတော့ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၆၀၀ ကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...