မုဒုံမြို့နယ်မှာ Mask မတပ်တဲ့သူ ၅၀၀ ကျော်ကို ဒဏ်ငွေရိုက် အရေးယူ

မုဒုံမြို့နယ်မှာ Mask မတပ်တဲ့သူ ၅၀၀ ကျော်ကို ဒဏ်ငွေရိုက် အရေးယူ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာတော့ သြဂုတ် ၁၂ ရက်နေ့က Mask မတပ်တဲ့သူ ၅၁၄ ဦးကို ဒဏ်ငွေရိုက် အရေးယူခဲ့တယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

နေအိမ်အပြင်ထွက်တိုင်း Mask မတပ်တဲ့သူတွေကို စစ်ကောင်စီ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က မုဒုံမြို့နယ်ရဲ့ လူစည်းကားရာနေရာတွေမှာ အဖွဲ့ ၅ ဖွဲ့ခွဲပြီး စစ်ဆေးအရေးယူခဲ့တာဖြစ်ပါတယ်။

“မုဒုံမှာ လမ်းသွားလမ်းလာတဲ့သူတွေ Mask တပ်တာ ရှိ/မရှိ စစ်ဆေးတာပါ။ Mask မတပ်တဲ့သူ ၅၀၀ ကျော် အရေးယူခဲ့တယ်” လို့ စစ်ကောင်စီ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ပါဝင်သူတစ်ဦးက ပြောပါတယ်။

နေအိမ်အပြင်ထွက်တိုင်း Mask မတပ်တဲ့သူတွေကိုတော့ တစ်ဦး ဒဏ်ငွေကျပ် ၅၀၀ နှုန်းနဲ့ ဒဏ်ရိုက်အရေးယူခဲ့တာ ဖြစ်ပါတယ်။

မုဒုံမြို့နယ်မှာတော့ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၆၀၀ ကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Most read this week

December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...
Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...