မော်လမြိုင်မှာ အောက်စီဂျင်အရည် ၂၄ နာရီ အခမဲ့ လာရောက်ထုတ်ယူနိုင်

မော်လမြိုင်မှာ အောက်စီဂျင်အရည် ၂၄ နာရီ အခမဲ့ လာရောက်ထုတ်ယူနိုင်

မော်လမြိုင်မြို့မှာ အောက်စီဂျင်အရည်ကို ၂၄ နာရီ အချိန်မရွေး အခမဲ့ လာရောက်ထုတ်ယူနိုင်တယ်လို့ ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

ရာမညအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ဟာ အောက်စီဂျင်အရည်တွေကို အလှူရှင်တွေရဲ့ ကူညီနေမှုနဲ့ ထိုင်းနိုင်ငံကဝယ်ယူပြီး ပြန်လည်လှူဒါန်းပေးနေတာဖြစ်ပါတယ်။

“အဓိကကတော့ အောက်စီဂျင် တင်သွင်းရတာ လွယ်ကူသွားတယ်၊ ဒါကြောင့် ၂၄ နာရီ အချိန်မရွေး အခမဲ့ရုံးမှာ လာရောက်ထုတ်နိုင်တယ်” လို့ ရာမည အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်မှာတော့ အောက်စီဂျင်တွေကို မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ အေးမြကြည်လင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက နေ့စဉ်ရက်ဆက် လှူဒါန်းပေးနေတာဖြစ်ပါတယ်။

မော်လမြိုင်မှာ အခုနောက်ပိုင်း အောက်စီဂျင်လိုအပ်ချက် လျော့ကျပေမယ့် နယ်မြို့နယ်တွေမှာတော့ အောက်စီဂျင်လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်ရဲ့ မြို့နယ် ၈ မြို့နယ်မှာ အောက်စီဂျင်စက်ရုံတွေ တည်ဆောက်နေပါတယ်။

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...