တောင်ကြီး လူငယ် (၂) ဦး စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီးသွား

တောင်ကြီး လူငယ် (၂) ဦး စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း Mytel ရုံးအနီးတွင် စစ်ကောင်စီက ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို ရိုက်နက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ သြဂုတ် (၁၃) ရက် မနက် (၉) နာရီခန့်တွင် ဆာကူရာသံဆိုင်ရှေ့တွင် အိမ်စီးကားဖြင့်ရပ်ထားသည့် စစ်ကား၊ ရဲကား (၅) စီးဖြင့် ထို လူငယ် (၂) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ဒီမနက် ကျနော် ဈေးသွားရင်း စစ်ကောင်စီတွေ လမ်းမှာ လူငယ် ၂ ဦးကို ရိုက်နက် ဖမ်းဆီးခေါ်သွားခဲ့တယ်။ လမ်းမှာ သွေးတွေတောင် ပေနေတာပဲ” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းသွားသည်ကို မသိရှိရပေ။

“ဆိုင်ကယ်က နောက်မှ ကားနဲ့လာတင်သွားတယ်” ဟု မျက်မြင်များက ပြောဆိုကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် တောင်ကြီးမြို့ပေါ်ရှိ လူငယ် (၃၀၀) ကျော် အကြောင်းပြချက်မရှိ လိုက်လံဖမ်းဆီးခဲ့ကြောင်း ရှေ့နေများပြောပြချက်အရ သိရသည်။

April 4, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်း လောင်းကစားရုံတစ်ခု...
April 3, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ...
April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...