၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ သဝဏ်လွှာပို့

၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ရေးမြို့နယ် ကျောင်းသားများသမဂ္ဂ သဝဏ်လွှာပို့

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းသားများသမဂ္ဂအနေဖြင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော ၇၁ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ကရင်အမျိုးသား တော်လှန်ရေးသမိုင်းတစ်လျှောက် အသက်ပေးစွန့်လွှတ်ခဲ့ပါသော ကရင်အမျိုးသားထုတစ်ခုလုံး၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည့် စောဘဦးကြီးနှင့် ညီနောင်သူရဲကောင်း အာဇာနည်အပေါင်းတို့ကို ရေးမြို့နယ် ကျောင်းသားများသမဂ္ဂက ကရင်တိုင်းရင်းသားများနှင့်ထပ်တူ လေးစားဂုဏ်ယူစွာဖြင့် ဂါရ၀ပြုသည်ဟု ဆိုသည်။

အခြားတိုင်းရင်းသားများနှင့်ထပ်တူ ကရင်လူမျိုးစုသည် အမျိုးသားရေး ခွဲခြားဆက်ဆံမှုမရှိစေရန်နှင့် နိုင်ငံရေးအရ တန်းတူအခွင့်အရေးရရှိစေရန် တိုက်ပွဲဝင် တောင်းဆိုလာခဲ့သည်မှာ နှစ်ပေါင်း (၇၀) ကျော်လာခဲ့ပြီဖြစ်သည်။

သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီခရီးလမ်းသည် ယနေ့ထိတိုင် ခက်ခဲကြမ်းတမ်းနေဆဲ ဖြစ်သည်ဟု သဝဏ်လွှာတွင် ပြောဆိုထားသည်။

ယနေ့အချိန်တွင်လည်း အာဏာရူး စစ်ဘီလူးတို့၏ လက်နက်အားကိုးဖြင့် မတရားအာဏာသိမ်းမှုကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး အတူတကွ အင်တိုက်အားတိုက် တွန်းလှန်နေကြပါသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း နေထိုင်ကြသော ရေးမြို့နယ်လူထုကိုယ်စား ရေးမြို့နယ်ကျောင်းသားများသမဂ္ဂက ကရင်တိုင်းရင်းသားများ နှင့်ထပ်တူ (၇၁) နှစ်မြောက် ကရင်အာဇာနည်နေ့ကို ဂုဏ်ပြုရင်း စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် စွမ်းစွမ်းတမံ တော်လှန်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်ဟု ဖော်ပြထားသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...