မွန်ပြည်နယ်မှာ ကိုဗစ်လူနာတွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်း အနည်းငယ်ပြန်ကျ၊ မပေါ့ဆကြဖို့လို

မွန်ပြည်နယ်မှာ ကိုဗစ်လူနာတွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်း အနည်းငယ်ပြန်ကျ၊ မပေါ့ဆကြဖို့လို

မွန်ပြည်နယ်မှာတော့ သြဂုတ်ပထမအပတ်ကစပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်း ပြန်လည်ကျဆင်းလာခဲ့တယ်လို့  စစ်ကောင်စီ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

လက်ရှိမှာတော့ မြို့နယ် ၁၀ မြို့နယ်စလုံးမှာ တစ်ရက် ကိုဗစ်အတည်ပြုလူနာ ၁၃၀ ကျော်သာ တွေ့ရှိနေပြီး၊ သေဆုံးသူကလည်း တစ်ရက် အယောက် ၂၀ ကျော်ထိ လျော့ကျလာခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက တစ်ရက် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်ထိ စံချိန်တင်တွေ့ရှိခဲ့သလို သေဆုံးသူကလည်း တစ်ရက် အယောက် ၆၀ လောက်ထိ ရှိခဲ့ပါတယ်။

"လက်ရှိ ပျမ်းမျှ Positive ဖြစ်ပွားမှုနှုန်းပေါ့ တွက်ချက်တဲ့ အချိန်မှာတော့ တစ်ပတ်အတွင်းမှာတော့ ကျလာတာပေါ့နော်၊ အဲ့လိုမျိုးတော့ နည်းနည်း သုံးသပ်ရတာပေါ့၊ အများကြီး မဟုတ်ပဲနဲ့ နည်းနည်းတော့ ကျလာတဲ့ အခြေအနေရှိပါတယ်"လို့ မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်း လျော့ကျဆင်းလာပေမယ့် ပြည်သူတွေအနေဖြင့် မပေါ့ဆကြဖို့နဲ့ Mask တပ်တာ၊ လက်ဆေးတာ၊ ခပ်ခွာခွာနေကြဖို့ တိုက်တွန်းတာပါ။

မွန်ပြည်နယ်မှာတော့ ကိုဗစ်တတိယလှိုင်းကာလအတွင်း မော်လမြိုင်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၈၀၀ ကျော်ထိ အများဆုံး တွေ့ရှိခဲ့ပြီး၊ သံဖြူဇရပ်မြို့နယ်က ၁၃၉၀ ကျော်နဲ့ ဒုတိယအများစု ရောဂါကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။

မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၉ ရက်နေ့ အထိ မွန်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားသူ ၁၀၀၅၉ ဦးရှိပြီး အဲဒီထဲမှာ သေဆုံးသူ ၉၁၉ ဦးရှိတယ်လို့ ဆိုထားပါတယ်။

မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းဟာ ဆေးရုံတက်ရောက်ကုသနေသူတွေ ဖြစ်တဲ့အတွက်ကြောင့် နေအိမ်မှာ ကုသနေသူနဲ့ သေဆုံးသူတွေ ပေါင်းလိုက်ရင် ဒီထက် အများကြီးပိုနိုင်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဆိုကြပါတယ်။

 
 

 

 

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...