ကျောက်မဲ စစ်ရှောင်များ တိုက်ပွဲကြောင့် နေရပ်မပြန်ရဲသေး

ကျောက်မဲ စစ်ရှောင်များ တိုက်ပွဲကြောင့် နေရပ်မပြန်ရဲသေး

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်းရောက်ရှိနေသည့် စစ်ရှာင်များ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်သဖြင့် နေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင် (၅၀၀) ကျော်ရှိပြီး ထိုစစ်ရှောင်များသည် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင် လာသည့် သူများဖြစ်သည်။

လက်ရှိမှာ ကျောက်မဲမြို့ ပေါ် နှင့် မိုင်းငေါ့မြို့အနီးပတ်ဝန်းကျင် ရှိ စစ်ရှောင်စခန်းတွင်နေထိုင်ကြပြီး၊ စစ်ရှောင်များကို နေရပ်ပြန်ရန် သက်ဆိုင်ရာ ကျေးရွာ မှတာဝန်ရှိသူများက ပြန်ခေါ်သော်လည်း တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မပြန်ရဲကြောင်း စစ်ရှောင်များပြောပြချက် အရသိရသည်။

“ကျေးရွာတွေထဲမှာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး၊ ဒါပေမယ့် ရွာထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ခုထိ ဝင်ထွက်သွားလာနေတုန်းပဲ၊ အဲ့ဒါကြောင့် မပြန်ရဲကြသေးတာ” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

လက်ရှိမှာ ကျောက်မဲမြိုု့နယ် တော့ဆန်ကျေးရွာအုပ်စု အတွင်း သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့ ထိန်းချုပ်ထားသည့်နေရာဖြစ်ပြီး၊ ထိုနေရာအနီးတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့လည်းရှိနေကြောင်း သတင်းရရှိသည်။

ထို့ကြောင့် တော့ဆန်ကျေးရွာအုပ်စုအတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်သဖြင့် စစ်ရှောင်များနေရပ်မပြန်ရဲသေးကြောင်း သိရသည်။

ယခု (သြဂုတ်လ) လဆန်းပိုင်းတွင် တော့ဆန်ဒေသခံ စစ်ရှောင် (၃၀) နီးပါး နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း၊ သို့သော် မိုင်းငေါ့စစ်ရှောင်စခန်းနှင့် ကျောက်မဲမြို့ပေါ်တို့တွင် တော့ဆန်ဒေသမှ စစ်ဘေးရှောင် ရာချီ ကျန်ရှိနေသေးကြောင်း ကျောက်မဲ စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ယနေ့ သြဂုတ်လ (၁၁) ရက် မနက်ပိုင်းတွင် ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စု ပန်ကွမ်နှင့် ပန်ဖြတ်ကျေးရွာတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...