တာချီလိတ်မြို့ ရေကြီးရေလျှံဖြစ် နေအိမ်ထဲထိ ရွှံ့ရေဝင်

တာချီလိတ်မြို့ ရေကြီးရေလျှံဖြစ် နေအိမ်ထဲထိ ရွှံ့ရေဝင်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယခုရက်ပိုင်း မိုးသည်းထန်ရွာသွန်းမှုကြောင့် ယနေ့ (သြဂုတ် ၁၁) မနက်ပိုင်းတွင် ရပ်ကွက်တချို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ နေအိမ်ထဲထိရေဝင်ကြောင်း စုံစမ်းသိရှိရသည်။

မိုးသည်းထန်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေးနှင့်အတူ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ မြို့တွင် မယ်ဆိုင်ချောင်းအနီး တာလော့ရပ်ကွက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး၊ ရွှံ့ရေများသည် နေအိမ်ထဲထိဝင်ရောက်ကာ ပစ္စည်းများပျက်ဆီး ဆုံးရှုံးကြောင်း တာချီလိတ်မြို့ ဒေသခံတဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးရွာပြီး ရွှံတွေပါလာတယ်။ တာလော့ရပ်ကွက်ဖက်ဆို ရွှံတွေဝင်နေတယ်လို့ပြောတယ်။ တချို့နေအိမ်နိမ့်တဲ့သူကိုတော့ ပျက်ဆီးတာတွေတော့ရှိတာပေါ့။ ခုချိန်ထိမိုးက မည်းနေသေးတယ်။ ထက်ရွာလာရင်တော့ ဒုက္ခဘဲ” ဟု တာချီလိတ်မြို့ဒေသခံ ဦးသိန်းထွန်းက ပြောသည်။

တာချီလိတ်မြို့ မိုးရေကြီးမှုသည် နှစ်စဉ်ဖြစ်လေ့မရှိကြောင်း၊ ယခုလိုမိုးကြီးမှုသည် တောင်ကျရေနှင့်အတူ သစ်တောပြုန်းတီမှုနှင့်လည်း သက်ဆိုင်မှုရှိနေကြောင်း ဦးသိန်းထွန်းက ဆိုသည်။

“ဒီမှ ၂ နှစ်တကြိမ်မိုးကြီးတယ်။ ဒီနှစ်ကတော့ ဒီနေ့ပထမဆုံးမိုးကြီးတာ။ တောင်ကျရေနဲ့ပေါ့ ပြီးတော့ ခုက သစ်တောဖြုန်းတီးလာတယ်လေ။ ရာသီဥတုက ဖောက်ပြန်လာပြီ” ဟု ဦးသိန်းထွန်းက ဆိုသည်။

ထိုအပြင် နမ့်ချောင်းဘေးရှိ မြို့နယ်အကောက်ခွန်ရုံးအတွင်းလည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...