KNU တပ်မဟာ ၁၊ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ ကွယ်လွန်

KNU တပ်မဟာ ၁၊ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ ကွယ်လွန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ (၅၆) နှစ်သည် ယနေ့ (ဩဂုတ် ၁၀ ရက်) နံနက် ၄ နာရီကျော်တွင် ကွယ်လွန်သွားသည်ဟု သိရှိရသည်။

သထုံခရိုင်၊ သထုံမြို့နယ် မရမ်းကုန်းကျေးရွာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သူ၏ရုပ်အလောင်းကို သူနေထိုင်ရာ သာဟောထီးနေရာသို့ သယ်ဆောင်လာသည်ဟု သထုံခရိုင်၊ ဖားအံမြို့နယ် ဥက္ကဌ စောစန္ဒာသိန်းက ကေအိုင်စီသို့ အတည်ပြုပြောသည်။

၎င်းက “ကျနော်တို့သိရသလောက်တော့ သွေးတိုးရောဂါနဲ့ ဆုံးတာပေါ့နော်။ မနေ့က တစ်နေကုန် သွေးတိုးတက်တယ်။ သွေးတိုးက မကျတော့ဘဲ အသက်သေဆုံးတဲ့အထိ ဖြစ်သွားတယ်ပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးချုပ်စောပလေ့သည် လက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် ကွန်မန်ဒိုတပ်ဖွဲ့သင်တန်း အပတ်စဉ်တူ တက်ရောက်ခဲ့သူဖြစ်ပြီး သူသည် တပ်မဟာ ၁ တွင် တပ်ရင်း ၂ ၏ တပ်ရင်းမှူး၊ ဗျူဟာမှူး တာဝန်များကို တာဝန်ယူပြီးနောက် တပ်မဟာမှူးတာဝန်ကို ထမ်းဆောင်နေရင်း ယခုလို ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

သူ၏ ဈာပနအခမ်းအနားကို နံနက်ဖြန် ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်သွားရန် လျာထားသည်ဟု တပ်မဟာ (၁) တာဝန်ရှိသူများက ပြောသည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...