ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာနိုင်

ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာနိုင်

စစ်တပ်အာဏာသိမ်းတာအပါအဝင် ကိုဗစ်တတိယလှိုင်းနဲ့ စပါးမပေါ်သေးတဲ့အတွက်ကြောင့် ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာနိုင်တယ်လို့ မွန်ပြည်နယ် ဆန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆန်ဈေးနှုန်းဟာ ပြီခဲ့တဲ့ ဧပြီလကတည်းက တဖြည်းဖြည်း မြင့်တက်လာခဲ့တာဖြစ်ပြီး နောက် ၂ လလောက်ထိ ဆန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာနိုင်ပါတယ်။

ပေါ်ဆန်း (ဆန်သား ၉၀) တစ်အိတ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှာ ကျပ် ၃၉၆၀၀ ရှိခဲ့ရာမှ သြဂုတ် ၉ ရက်နေ့မှာ ၄၃၄၀၀ ထိ ဈေးမြင့်တက်လာခဲ့တာပါ။

ဒါအပြင် ဧည့်မထ ဆန်ကြမ်း (ဆန်သား ၉၀) တစ်အိတ်ဟာ ကျပ် ၂၇၀၀၀ မှ ကျပ် ၂၉၀၀၀ ထိ ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆန်အမျိုးအစားအပေါ်မူတည်ပြီး ဆန်တစ်အိတ် ကျပ် ၃၀၀၀ ကနေ ၅၀၀၀ လောက်ထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

"အခုက စပါးစိုက်ပျိုးပြီးချိန်ဖြစ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက နှစ်စဉ်ဖြစ်နေကြပဲ၊ ဘာလည်းဆိုတော့ စပါးစစိုက်တဲ့ရာသီနဲ့ စပါးထွက်တဲ့ရာသီနဲ့ မတူဘူး၊ စပါးထွက်ပြီးဆိုတာနဲ့ ဈေးတွေက ကျသွားတယ်၊ ဒါပေမယ့် ဆန်ကတော့ နောက် ၂ လလောက်ထိ နည်းနည်းစီ တက်သွားဦးမယ်" လို့ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခိုင်ဦးက ဆိုပါတယ်။

လက်လီဈေးကွက်မှာ ဆန်အမျိုးအစားပေါ်မူတည်ပြီး အရင်ကထက် တစ်အိတ်ကို ကျပ် ၅၀၀၀ မှ ၈၀၀၀ လောက်ထိ ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ်။

အခုလို ဆန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းအတွင်း အလုပ်အကိုင် အခက်အခဲရှိတဲ့ အခြေခံလူတန်စားတွေမှာ စားဝတ်နေရေးအခက်အခဲ ရှိလာကြပါတယ်။

"ကျွန်တော်တို့က ဆန်ကို ဗူးနဲ့ပဲ ဝယ်စားနေရတာပါ၊ အခုက ရောဂါကြောင့် အလုပ်မရှိဖြစ်နေတာ တစ်လကျော် နှစ်လလောက် ရှိနေပြီပေါ့၊ လက်ရှိက ချေးဌားပြီးစားနေရတာ၊ ဆန်ဈေးကလည်း ဝယ်လိုက်တိုင်း အတက်နေတာကြီးပဲ" လို့ အခြေခံလူတန်းစား ပြည်သူတစ်ဦးက ဆိုပါတယ်။

မွန်ပြည်နယ်မှာ စပါးစိုက်ဧက ၇ သိန်းနီးပါးရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိနေပါတယ်။

 
 

 

 

ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...